ယခုလ ၁၉ ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကာအိုရှိ တရုတ်နှင့် ပေါ်တူဂီဘာသာစကားပြော နိုင်ငံများ စီးပွားကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေး ဝန်ဆောင်မှု ပလက်ဖောင်းကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် ပေါ်တူဂီဘာသာစကားပြော နိုင်ငံများ စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ဆောင်မှု ပလက်ဖောင်း တည်ဆောက်ခြင်းသည် မကာအို အနေနှင့် ကိုယ့်အားသာချက်ကို ပြသပြီး မိမိနိုင်ငံ၏ လိုအပ်မှု အတွက် ဝန်ဆောင်မှု ပေးနေသည့် အရေးကြီး ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။