၂၀၁၉ ခုနှစ်၊ ရှီကျင့်ဖိန် နှင့် Belt and Road

2019-12-27 17:13:08 |သတင်းအရင်းအမြစ် CRI

၂၀၁၉ ခုနှစ်သည် Belt and Road ကမ်းလှမ်းချက် တင်ပြခဲ့သည့် ဆဋ္ဌမ မြောက်နှစ် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် မတ်လက ရှီကျင့်ဖိန်သည် ရောမမြို့သို့ ရောက်ရှိပြီး အီတလီနိုင်ငံနှင့် Belt and Road တည်ဆောက်မှုကို လက်တွဲ တွန်းအားပေးရေး နားလည်မှု စာချွန်လွှာကို ချုပ်ဆို ခဲ့ပါသည်။

ဒုတိယ အကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ဧပြီလက ပီကင်း၌ ကျင်းပခဲ့ရာ နိုင်ငံ ၁၅၀၊ နိုင်ငံတကာ အဖွဲ့စည်း ၉၂ခုမှ ဧည့်သည်တော် ၆၀၀၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြပါသည်။ ယင်းဖိုရမ်၌ ရှီကျင့်ဖိန်သည် လာမည့် အဆင့်ကာလတွင် Belt and Road ပူးပေါင်းဆောင်ရွက်မှု အတွက် ဦးတည်ချက်ကို ညွှန်ပြထားပါသည်။ ရှီကျင့်ဖိန်က၊ အရည်အသွေး မြင့်မားစွာ တိုးတက်ရေး ဦးတည်ချက်အတိုင်း Belt and Road အတူ တည်ဆောက်ခြင်း အဆက်မပြတ် ချီတက်ရန် တွန်းအားပေးရမည်ဟု ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလတွင် ရှီကျင့်ဖိန်သည် ဂရိနိုင်ငံသို့ ခရီးလှည့်လည်ခဲ့စဉ်က တရုတ်နှင့် ဂရိ နိုင်ငံတို့သည် Belt and Road ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပါသည်။

ကမ်းလှမ်းချက် တင်ပြသည့် ၆ နှစ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံ ၁၃၇ နိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အစည်း ၃၀ တို့နှင့် Belt and Road အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၁၉၇ ခုကို ချုပ်ဆိုခဲ့ပြီဟု သတင်း ရရှိပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006