ယွီယိုသိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်းလီစိုးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဖူကုန့်ခရိုင် အားသိမာသီကျေးရွာမှ ရွာသားတစ်ဦးဖြစ်သည်။ အားသိမာသီကျေးရွာသည် အလွန်ဆင်းရဲနွမ်းပါးကာ ပြင်ပကမ္ဘာနှင့်ချိတ်ဆက်ရန် တောင်မြင့်လျှိုနက်အကြား လမ်းကျဉ်းကလေး တစ်လမ်းသာ ရှိပါသည်။ ၎င်းလမ်းကျဉ်းကလေးသည် မြေလမ်းဖြစ်ပြီး ကျဉ်းမြောင်းကာ လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးသောကြောင့် ရွာသူရွာသားများသည် ခရီးသွားလာခြင်း၊ ဆေးရုံသွားခြင်း၊ ကျောင်းတက်ခြင်း၊ အလုပ်သွားခြင်း စသည်တို့အတွက် အလွန်ခက်ခဲပြီး အဆင်မပြေပါ။ သစ်ကျားသီး၊ တရုတ်ဖာလာသီး စသည့်ထွက်ကုန်တို့ကိုလည်း ပြင်ပသို့ တင်ပို့ရောင်းချရန် မလွယ်ကူပါ။ အားသိမာသီရွာသည် ထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်ခြင်း ဆောင်ရွက်ရန် အလွန်ခက်ခဲလှပါသည်။
နုကျန်းပြည်နယ်ခွဲသည် တရုတ်ပြည်တွင်း ဆင်းရဲနွမ်းပါးဆုံးဒေသများအနက် တစ်နေရာဖြစ်သည်။ အဆိုပါဖော်ပြသည့်အားသိမာသီကျေးရွာကဲ့သို့ ရွာနေရာသည် နက်ရှိုင်းသောလျှိုမြောင်ချုင့်ဝှမ်း များဝန်းရံထားပြီး ရွာသူရွာသားအားလုံးသည် ဆင်းရဲနွမ်းပါးအိမ်ထောင်စုစာရင်းဝင်သည့်ကျေးရွာသည် တစ်ခုတည်းမဟုတ်ပါ။ ထို့ကြောင့် အဆိုပါဆင်းရဲနွမ်းပါးမှုအခက်အခဲကို ဖြေရှင်းစေရန် နုကျန်း ပြည်နယ်ခွဲသည် ဆင်းရဲမှုလျော့ချရေးအတွက် ရွှေ့ပြောင်းနေထိုင်ရာနေရာ ၆၇ ခုကို တည်ဆောက် ပေးရန် စီစဉ်ထားသည်။
၂၀၁၇ ခုနှစ်တွင် အကျယ်အဝန်း ၂၆.၃ တရုတ်ဧက ( ၄.၃၃ ဧက ဝန်းကျင်)ကျယ်ပြီး အိမ် ၇၂ လုံးရှိသော ဖူကုန့်ခရိုင် အားသိမာသီကျေးရွာမှ ရွာသူရွာသားများအတွက် ရွှေ့ပြောင်းနေထိုင်ရာနေရာ ပြီးစီးခဲ့သည်။ ရွာသူရွာသားများသည် သက်ကယ်အိမ်၊ သစ်သားအိမ်မှ ရွှေ့ပြောင်းလာပြီး ညီညာလှပပြီး အိမ်သုံး လျှပ်စစ်ပစ္စည်း ပြည့်စုံသော အိမ်သစ်ကို ရောက်ရှိလာပါသည်။ အိမ်သစ်သည် ကားလမ်းနှင့်နီးကပ်သော ကြောင့် ရွာသူရွာသားများ ယခင်က ရင်ဆိုင်ခဲ့ရသော ခရီးသွားလာရခက်ခဲခြင်း၊ ဆေးရုံသွားရန် ခက်ခဲခြင်း၊ ကျောက်တက်ရန်အဆင်မပြေခြင်း၊ အလုပ်လုပ်သွားရန်ခက်ခဲခြင်း စသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးအဆင်ပြေလာပါသည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)