စစ်ဆောင်ပန်းနားတွင် တောရိုင်းအာရှဆင်များ၏ လှုပ်ရှားမှုအခြေအနေများကို စောင့်ကြည့်ကြီးကြပ်သူ

2020-08-12 15:12:12 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားတိုင် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် တရုတ်ပြည်တွင်း အကြီးမားဆုံးသော တောရိုင်းအာရှဆင်အုပ်စု ကျက်စားနေပြီး အာရှဆင်ကောင်ရေ ၂၈၀ ခန့်ရှိသည်။ ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံသည် အာရှဆင်များ ကာကွယ်စောင့်ရှောက်ခြင်းကို အဆက်မပြတ် တိုးမြှင့်နေပြီး အာရှဆင်အရေအတွက်သည် အချိန်နှင့်အမျှ တိုးလာနေသည်ကို တွေ့ရှိရပါသည်။ အဆိုပါအကြောင်းရင်းကြောင့် ဆင်များနေထိုင်ရာနေရာနှင့် လူနေရပ်ကွက် ထူထပ်လာပြီး လူနှင့်ဆင်အကြား ပဋိပက္ခလည်း မကြာခဏဖြစ်ပွားလေ့ရှိပါသည်။

အသက် ၄၉ နှစ်အရွယ်ရှိ ဖူကျုံးရှင်သည် စစ်ဆောင်ပန်းနားပြည်နယ်ခွဲ မွန်ဟိုင်ခရိုင် အာရှဆင် ကြီးကြပ်ရေးနှင့် ကြိုတင်သတိပေးရေးစင်တာ၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ၏နေ့စဉ်အလုပ်တာဝန်သည် တောရိုင်းအာရှဆင်၏ လှုပ်ရှားမှုအခြေအနေများအား စောင့်ကြည့်ကြီးကြပ်ခြင်း၊ ပတ်ဝန်းကျင်တွင် နေထိုင်သော ရွာသူရွာသားများထံ ကြိုတင်ကာကွယ်နိုင်ရန် သတိပေးခြင်း၊ တောရိုင်းဆင်များ၏ အန္တရာယ်ကြောင့် လူနှင့် ပစ္စည်းဥစ္စာဓန ပျက်စီးဆုံးရှုံးမှုများ လျှော့ချစေခြင်း စသည်တို့ ဖြစ်သည်။ ထို့ကြောင့် ဖူကျုံးရှင်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် နေ့စဉ် မောင်းသူမဲ့လေယာဉ်ဖြင့် တောရိုင်းဆင်များ၏ လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်ကြီးကြပ်ပြီး ကြိုတင်သတိပေးစနစ်သို့ အချိန်မှီ သတင်းပို့သည်။ တစ်ခါတစ်ရံ မိုးသက်လေပြင်းနှင့်ကြုံတွေ့ပါက မောင်းသူမဲ့လေယာဉ်ကို အသုံးမပြုနိုင်ဘဲ ကြီးကြပ်သူ၏အတွေ့အကြုံနှင့်သာ ခြေရာခံဆောင်ရွက်ရသည်။

တောရိုင်းအာရှဆင်များနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင် ဖူကျုံးရှင်သည် မိမိအိမ်ရှိ တန်ဖိုးကြီးပစ္စည်း များကို ပြောပြသကဲ့သို့ ကျွမ်းကျင်ပါသည်။ သူ့ဖုန်းထဲတွင် တောရိုင်းဆင်များ၏ ဓာတ်ပုံများဖြင့် ပြည့်လုနီးပါး ဖြစ်နေသည်။ အာရှဆင်များ၏ ခေါင်းရမ်းခါလှုပ်ရှားမှုမှာ ချစ်ခင်ဖွယ်ရာ ဖြစ်နေသော်လည်း မတော်တဆမှုဖြစ်စဉ်နှင့်ကြုံတွေ့ပါက ကြောက်လန့်မှုကို ခံစားကြရသည်။ တောရိုင်းဆင်များ၏ အန္တရာယ်ကို ဖူကျုံးရှင်ထက် ပိုမို သိကျွမ်းသူမရှိပါ။ တောရိုင်းဆင်များ စောင့်ကြည့်ကြီးကြပ်သော ဖူကျုံးရှင်သည်လည်း တောရိုင်းများ၏ လိုက်လံအန္တရာယ်ပြုခြင်းကို မကြာခဏ ရင်ဆိုင်ရတတ်သည်။ တစ်ခါတစ်ရံတွင် သူနှင့်သူ့လုပ်ဖော်ကိုင်ဖက်တို့သည် ရုတ်တရက်ပေါ်ထွက်လာသော တောရိုင်းဆင်များလိုက်ခြင်းခံရသောကြောင့် အန္တရာယ်မှ လွတ်မြောက်ရာ သစ်ပင်ပေါ်သို့ အစွမ်းကုန် ပြေးတက်ကြရသည်။

အန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ဖူကျုံးရှင်အတွက် ဝမ်းသာဖွယ်ရာများလည်း ရှိသည်။ စောင့်ကြည့်ကြီးကြပ်ရေး ရပ်ကွက်တွင် နေထိုင်သော ရွာသူရွာသားများသည် တောရိုင်းအာရှဆင်အပေါ် အသိပညာနှင့် သက်ဆိုင်ရာလုံခြုံရေးကာကွယ်ခြင်းအသိပညာကို စဉ်ဆက်မပြတ် တိုးမြှင့်ပေးခဲ့သည်ကို ကျေနပ်အားရမှုရှိသည်။ တောရိုင်းအာရှဆင်များပေါ်ထွက်လာချိန်လည်း သူတို့သည် သွားကြည့်ခြင်းမပြုဘဲလည်း နေနိုင်ပြီဖြစ်သည်။ မိမိတင်ပြသော တောရိုင်းဆင်လှုပ်ရှားမှုဆိုင်ရာ သတင်းများသည် တောရိုင်းဆင်များ၏အန္တရာယ်ကို ကာကွယ်နိုင်ခြင်းနှင့်အတူ လူသားများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းနှင့် ပစ္စည်းဥစ္စာဓနဆုံးရှုံးခြင်းတို့ကို တတ်နိုင်သလောက် ရှောင်ရှားပေးနိုင်မည်ဖြစ်ပြီး လူသားနှင့်အာရှဆင်များအကြား ပဋိပက္ခများကို လျှော့ချပေးနိုင်မည်ဟု သူက မျှော်လင့်သည်။
 

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006