ဖူအလ်မြို့သည် မြောက်ယဉ်စွန်းတန်းတွင် တည်ရှိပြီး ဟိမဝန္တာတောင်မှ မြစ်ဖျားခံစီးဆင်း လာသော လန်ချမ်းမြစ်သည် တောင်တန်းလျှိုကြားသို့ စီးဆင်းနေသည်။ ထို့အတူ ဤဒေသတွင် သစ်တောဖုံးလွှမ်းနေသော အိုင်းလောင်တောင်နှင့် ဝူလျှန့်တောင်ရှိခြင်းကြောင့် ဖူအလ်သည် မြောက်ယဉ်စွန်းတန်းတွင် ပြည့်စုံစွာကာကွယ်ထိန်းသိမ်းထားသော အစိမ်းရောင်ဒေသဖြစ်နေသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထိုစဉ်ကတရုတ်နိုင်ငံ၏ ဒုတိယသမ္မတဖြစ်သူ ရှီကျင့်ဖျင်သည် ဖူအလ်မြို့သို့ သွားရောက်ပြီး ပြည်သူပြည်သားများကို နှစ်သိမ့်အားပေးခဲ့ရာ “ကျွန်တော် ဖူအလ်ကိုနောက်တစ်ခေါက် ထပ်လာမယ်။ နောက်တစ်ခေါက်ပြန်ရောက်လာရင် ညီရင်းအစ်ကိုတို့ရဲ့နေထိုင်မှုဘဝက ပိုမိုကောင်းမွန်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်”ဟု ပြောဆိုခဲ့ပါသည်။
ထိုအချိန်က ဖူအလ်မြို့သည် ဆင်းရဲနွမ်းပါးမှုဧရိယာကျယ်ဝန်းလှပြီး ဆင်းရဲနွမ်းပါးတွင်း၌ ရုန်းကန်နေရသူများစွာရှိခဲ့သည်။ စာရင်းကောက်ယူချက်အရ ထိုအချိန်က ဖူအလ်မြို့ ခရိုင်(၁၀)ခုအနက် (၉)ခုသည် ဆင်းရဲနွမ်းပါးခရိုင်ဖြစ်ပြီး ၎င်းအနက် (၂) ခုသည် အဆင်းရဲဆုံးခရိုင်ဖြစ်ခဲ့သည်။ ဆင်းရဲ နွမ်းပါးသူဦးရေသည် (၆) သိန်းရှိပြီး ယူနန်တစ်ပြည်နယ်လုံးရှိ လူဦးရေ၏ (၈.၆%)အထိ ရှိသည် ။
သမ္မတရှီကျင့်ဖျင်၏ နှစ်သိမ့်အားပေးခြင်းသည် ဖူအလ်မြို့တိုင်းရင်းသားအသီးသီးအတွက် စိတ်ဓာတ် တက်ကြွစေခဲ့သည်။ ဆင်းရဲနွမ်းပါးမှု၏ အခက်အခဲများကိုဖြတ်ကျော်ရန် တိကျသေချာစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။
တောင်သူများ၏ ဝင်ငွေရလမ်းသည် ပိုမိုတိုးများလာပြီး တစ်ဦးချင်းဝင်ငွေသည်လည်း နှစ်ဆ တိုးလာသည်။ နှစ်စဉ်ဝင်ငွေ တရုတ်ငွေ ယွမ် ၅၀၀၀ အထက်ရရှိသော ဖူအလ်ခရိုင်ပြည်သူများ အချိုးသည် ၂၀၁၅ ခုနှစ်တွင် (၃.၆၉%) ရှိရာမှ ၂၀၁၉ ခုနှစ်တွင် (၉၅.၃၄%)သို့ တိုးမြင့်လာသည်။
နေအိမ်ဘေးကင်းလုံခြုံရေး၊ လူနေရပ်ကွက်နှင့် တိရစ္ဆာန်တင်းကုပ်ခွဲခြားခြင်း၊ အိမ်ဝင်းသန့်ရှင်းခြင်း၊ ရွာတွင်းသပ်ရပ်လှပခြင်း၊ ပြာလဲ့လဲ့ကောင်းကင်နှင့် တိမ်ဖြူဖြူအောက်တွင် ပန်းများဝေဆာဖူးပွင့် သော ကျေးလက်ဒေသဖြစ်လာပါသည်။ ထို့ပြင် ရွာသူရွာသားများသည်လည်း ပိုမိုယဉ်ကျေးလာပါ သည်။ ကျယ်ဝန်း သန့်ရှင်းသော ကွန်ကရစ်လမ်းကိုလည်း တည်ဆောက်ထားသည်။
၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ၊ ဖူအလ်မြို့တစ်မြို့လုံးရှိဆင်းရဲနွမ်းပါးသူအားလုံးသည် ဆင်းရဲ နွမ်းပါးတွင်းမှ လွတ်မြောက်လာခဲ့ပါသည်။(Yunnan Gateway)