“မက်မန်းသီးစိုက်ပျိုးပြီးနောက်ပိုင်း ကျွန်တော်တို့မိသားစုလည်း ဆင်းရဲတွင်းက လွတ်မြောက် လာတယ်လေ”ဟု တရုတ်နိုင်ငံချုံချင်းမြို့၊ ဝူးစန်းခရိုင်၊ ဆွမ်းလုံမြို့နယ်၊ ဟွားကျိုရွာမှ ရွာသား ညက်ကျန်းဟွာက ပျော်ရွှင်စွာပြောဆိုခဲ့ပါသည်။
ညက်ကျန်းဟွာ၏ နေအိမ်အနီးဝန်းကျင်သည် ဟောင်းနွမ်းနေသောနေရာဖြစ်ပြီး စီးပွားရေးတန်ဖိုး နည်းပါးသော အကျယ်အဝန်း ၄၂.၈၃ ဧကရှိသည့်သလဲပင်စိုက်ပျိုးခြံတစ်ခုရှိသည်။ ၂၀၁၉ ခုနှစ်တွင် ဆွမ်းလုံမြို့နယ်သည် ခရိုင်အစိုးရ၏ ထုတ်လုပ်ရေးစီမံကိန်းအစီအစဉ်နှင့်အညီ မက်မန်းသီးစိုက်ပျိုး ထုတ်လုပ် ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ညက်ကျန်းဟွာသည်လည်း မိမိ၏ သလဲပင် များကို မက်မန်းပင်များ အစားထိုးစိုက်ပျိုးရန်ဆုံးဖြတ်ခဲ့သည်။
ဟွားကျိုရွာသူရွာသားများ၏ စီးပွားရေးဆုံးရှုံးမှုကို လျှော့ချစေရန် ကျေးရွာရှိ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်တာဝန်ခံဦးဆောင်လုပ်ကိုင်နေသော အစိုးရဝန်ထမ်းများသည် ပန်းခြံဥယျာဉ် လုပ်ငန်းရှင် နှင့်ဆက်သွယ်ပြီး ထင်းအဖြစ်ခုတ်လဲရမည့် သလဲပင်များကို တစ်ပင်လျှင် တရုတ်ငွေယွမ် ၁၃၀ ဖြင့် ရောင်းချခဲ့ပါသည်။ သလဲပင်သည် မြို့ပြ၏အလှဆင်သစ်ပင်ဖြစ်လာသည်နှင့်အမျှ ရွာသူရွာသားများ လည်း ဝင်ငွေရရှိခဲ့သည်။ ရွာသားညက်ကျန်းဟွာသည် သလဲပင် အပင် ၆၀၀ ကို ရောင်းချခဲ့ သော ကြောင့် တရုတ်ငွေ ယွမ် ၇ သောင်းမှ ၈ သောင်းဝန်းကျင် ရရှိခဲ့ကာ မက်မန်းသီးစိုက်ပျိုးခြင်းအတွက် ယုံကြည်စိတ် ပိုတိုးလာပါသည်။
ညက်ကျန်းဟွာမိသားစုသည် ယခင်ကမက်မန်းပင် ၆၅.၈၉ ဧကကို စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စိုက်ပျိုး သည့်အကျယ်အဝန်းပိုတိုးလာသည်။ ညက်ကျန်းဟွာ၏ သားဖြစ်သူ ညက်ဟိုင်သည်လည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် မက်မန်းပင်စိုက်ပျိုးရေးနည်းပညာကို သင်ယူလေ့လာခဲ့ ကာ ကျေးလက်ဒေသရှိနည်းပညာကျွမ်းကျင်သူဖြစ်လာခဲ့သည်။ သူသည် မိမိ၏ မက်မန်းပင်ခြံများကို ကောင်းမွန်စွာ စောင့်ရှောက်စီမံနေသည့်အပြင် ကျေးရွာရှိအခြားသောဆင်းရဲနွမ်းပါးသူများအတွက် လည်း နည်းပညာထောက်ပံ့မှုပေးနေပါသည်။ လွန်ခဲ့သောနှစ်ပိုင်းတွင် ညက်ကျန်းဟွမ်နှင့်သူ၏မိသားစုသည် မက်မန်းသီး ၁၅၀၀ ကီလိုဂရမ်ခန့် ရောင်းချနိုင်ခဲ့ပြီး အသားတင်ဝင်ငွေတရုတ်ငွေယွမ် ၁ သိန်းရရှိခဲ့သည်။
“မက်မန်းသီးလုပ်ငန်းက ရွာသူရွာသားတွေအတွက် သင့်တင့်တဲ့ စီးပွားရေးအကျိုးအမြတ်ကို သယ်ဆောင်လာပါတယ်”ဟု ဝူးစန်းခရိုင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဌာနတာဝန်ခံဖြစ်သူကျိုးချင်းဝမ်မှ ဆိုသည်။ မက်မန်းသီးသည် ဟွားကျိုရွာဒေသဆင်းရဲနွမ်းပါးမှုလျှော့ချရန် အဓိကစီးပွားဖြစ်ထွန်းသော ထွက်ကုန် ဖြစ်ကြောင်း၊ ယခုအချိန်တွင် တစ်ရွာလုံး၌ မက်မန်းပင် ၂၆၀.၂၈ ဧကစိုက်ပျိုးထားကြောင်း၊ တစ်ရွာလုံး မှ မိသားစု ၆၃ စုသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာကြောင်း၊ ဝူးစန်းခရိုင်တွင် မက်မန်း ပင် ၄၆၁၂၆.၃ ဧက စိုက်ပျိုးနေကြောင်းစသဖြင့် သူက ဆက်လက်ပြောဆိုခဲ့သည်။ (Yunnan Gateway)