အိမ်ရဲ့နွေးထွေးမှုကို ကျွန်တော်တို့ခံစားရပါတယ်

2020-09-18 13:18:42 |သတင်းအရင်းအမြစ် 云桥网

ရွှေလီမြို့ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးညွှန်ကြားမှုဌာနမှ “ရွှေလီမြို့နေ နိုင်ငံခြားသား လုပ်သားများ အတွက် ပေးပို့သောစာတစ်စောင်”ကို ထုတ်ပြန်ကြေညာလိုက်ပါသည်။ နိုင်ငံခြားသားလုပ်သားများကို ဆိုးကျိုးအန္တရာယ်များအား ဂရုပြုစေလိုခြင်း၊ Nucleic acid ဓာတ်ခွဲစမ်းသပ်နမူနာရယူခြင်းလုပ်ငန်းတွင် မလွှဲမသွေ သေချာစွာ ပူးပေါင်းပါဝင်စေခြင်း စသည့်အကြောင်းများ ရေးသားဖော်ပြထားပါသည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထောက်သည် ရွှေလီမြို့ရှိ Nucleic acid ဓာတ်ခွဲစမ်းသပ်ရေး ဌာနများသို့ သွားရောက်သတင်းမေးမြန်းခဲ့ပါသည်။ နိုင်ငံခြားသားအများစုသည် နှာခေါင်းစည်းများ တပ်ဆင်ထားရှိကြပါသည်။ တချို့သည် ထိုင်ခုံငယ်များကို သယ်ဆောင်လာကြသည်။ တချို့သည် နေရောင်ကာထီးများကို ဆောင်းထားပြီး ဓာတ်ခွဲစမ်းသပ်မှုများကို ခံယူရန် တန်းစီနေကြပါသည်။ “ရွှေလီက အိမ်ရဲ့နွေးထွေးမှုကို ခံစားရပါတယ်” ဟူသောစကားသည် သူတို့တတွေ၏ အပြောအများဆုံး ဖြစ်သော စကားတစ်ခွန်းပင် ဖြစ်သည်။

ရွှေလီမြို့ တရုတ်တိုင်တိုင်းရင်းဆေး ဆေးရုံရှိ Nucleic acid ဓာတ်ခွဲစမ်းသပ်ရေးဌာနတွင် မြန်မာနိုင်ငံ လာရှိုးမြို့မှ ရောက်ရှိလာသည့် ကုန်သည်ဖြစ်သူ နန်းမွမ်ခန်းသည် Nucleic acid ဓာတ်ခွဲနမူနာယူခြင်းကို လုပ်ဆောင်ပြီး အိမ်ပြန်ရန်ပြင်ဆင်နေသည်ကို တွေ့မြင်ခဲ့ ပါသည်။ သူမသည် ရွှေလီမြို့သို့လာရောက်ပြီး ကျောက်စိမ်းလက်ဝတ်ရတနာစီးပွားရေး လုပ်ဆောင်နေသည်မှာ ၆ လရှိပြီဖြစ်သည်။ “မနေ့က အိမ်ရှင်က Nucleic acid ဓာတ်ခွဲ စမ်းသပ်မှု လုပ်ရမယ့်အကြောင်း ကျွန်မကို အကြောင်းကြားခဲ့တယ်။ တစ်ညလုံး အလွန် ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်” ဟု နန်းမွမ်ခမ်းသည် အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောကြားပါသည်။ ယနေ့တွင် ဓာတ်ခွဲစမ်းသပ်ရေးဌာနသို့ရောက်ရှိလာပြီး တာဝန်ရှိသူများ ၏ စိတ်ရှည် ပျူငှာစွာ ဆက်ဆံခြင်းကိုခံရသည့်အခါတွင် စိတ်လှုပ်ရှားမှုများ၊ ကြောက်စိတ်များ ပြေလျော့ ပျောက်ကွယ် သွားခဲ့ရပါသည်။ “ဓာတ်ခွဲစမ်းသပ်မှုပြုဖို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက မှတ်တမ်းတင်တာ၊ နမူနာယူတာ တွေကို စိတ်ရှည်စွာ လုပ်ဆောင်ပေးခဲ့ပါတယ်။ နမူနာယူတာ နည်းနည်းမှ မနာကျင်ပါဘူး။ ရွှေလီမြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ အဲဒီဒေသက ကူးစက်ရောဂါ ကာကွယ်ထိန်း သိမ်းရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ပြီး အိမ်ထဲမှာပဲ ကောင်းမွန်စွာ နေထိုင်သွားမှာ ဖြစ်ပါတယ်။”

 

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးမှ ရောက်ရှိလာသော ဇေယာဦးနှင့် ဧရာဝတီတိုင်းဒေသ ကြီးမှ ရောက်ရှိလာသော တောင်စွန်းကျော်တို့သည် ရွှေလီမြို့ရှိ မော်တော်ကားပြုပြင်ရေး ဝပ်ရှော့တစ်ခုတွင် အလုပ်တာဝန်ထမ်းဆောင်နေကြသည်။ ယနေ့နံနက်ခင်းအစောပိုင်း တွင် သူတို့သည် လုပ်ဖော်ကိုင်ဖက်များ နှင့်အတူ ရွှေလီမြို့ မွန်မောက်ရှမ်ရပ်ကွက် ပြည်သူ့ကော်မတီ Nucleic acid ဓာတ်ခွဲစမ်းသပ်ရေးဌာနတွင် ဓာတ်ခွဲနမူနာစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပါသည်။ အသင့်ပြင်ဆင်လာသော ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ခြင်းမှ Nucleic acid ဓာတ်ခွဲစမ်းသပ်နမူနာယူခြင်းအထိ မိနစ်အနည်း ငယ်သာကြာပါသည်။

“ဓာတ်ခွဲစမ်းသပ်ရေးဌာနမှာရှိတဲ့ တာဝန်ရှိသူတွေက ရောက်ရှိလာသူတွေကို စနစ်တကျ တန်းစီနိုင်ဖို့ လမ်းညွှန်ပေးတယ်။ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ စောင့်နေကြပါတယ်” ဟု တောင်စွန်းကျော်က ပြောပါသည်။ ဓာတ်ခွဲစမ်းသပ်ရေးဌာနတွင် စိတ်သက်သာ ရာရပြီး လုံခြုံစိတ်ချရသည်ဟု ခံစားရပါသည်။ သူ၏နေထိုင်မှုဘဝသည် ကူးစက်ရောဂါကြောင့် အနှောင့်အယှက်မဖြစ်ခဲ့ရဘဲ မိမိအနီး အနားရှိ တရုတ်နိုင်ငံသားမိတ်ဆွေများက ကူညီထောက်ပံ့မှုများစွာ ပေးခဲ့ကြသည်ဟု သူက ပြောပါသည်။

“ကျွန်‌တော်က ရွှေလီမြို့ကို ရောက်ရှိနေတာ ၈ နှစ်ရှိပြီ။ ဒီနေရာကို သံယောဇဉ်ရှိနေပါပြီ” ဟု ဧရာဝတီတိုင်းဒေသကြီးမှ ရောက်ရှိလာသော မောင်နိုင်ဦးက သူ၏ ၄ နှစ်အရွယ်သား ငယ်ကိုပွေ့ချီရင်း ပြောသည်။ သူတို့သည် မွန်မောက်မြို့နယ်ထွန်ကျယ်ကျေးရွာကော်မတီ နုံအင်းအဖွဲ့ Nucleic acid ဓာတ်ခွဲစမ်းသပ်ရေးဌာနတွင် ဓာတ်ခွဲစမ်းသပ်မှုများလုပ် ဆောင်ရန် တန်းစီနေကြသည်။ ဓာတ်ခွဲစမ်းသပ်ရေးဌာနတွင် အဖြူရောင်အကာ အကွယ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ဓာတ်ခွဲနမူနာများကို မနားမနေ ထုတ်ယူပေးနေကြသည်။ မောင်နိုင်ဦးသည် သားငယ်စိတ်ဝင်စားနေသည့်အမူအရာကို မြင်တွေ့ရသည့်အတွက် ကြောင့်   “သူတို့တတွေက ဖေဖေတို့ကို ရောဂါရှိမရှိ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ပေးမယ့် တရုတ်ဆရာဝန်တွေလေ။ အားလုံး ဓာတ်ခွဲစမ်းသပ်မှုလုပ်ပြီးလို့ ရောဂါကင်းရှင်းသွားရင် သားလေးလည်း အမြန်ဆုံး ကျောင်းပြန်တက်လို့ ရပြီပေါ့ ဟု သား‌ငယ်ကို စိတ်ရှည်စွာ ရှင်းပြနေပါသည်။

ကူးစက်ရောဂါသည် ထင်မှတ်မထားပဲ ရုတ်တရက်ဖြစ်ပွားလာပါသည်။ သို့သော် သူနှင့် သူတို့၏ မိသားစုဝင်များအားလုံးသည် ရွှေလီမြို့၏ နွေးထွေးမှုကို ခံစားကြရပါသည်။ လူသူအချင်းချင်း စောင့်ရှောက် ကူညီကြပါသည်။ ပြောကြားသည့်ဘာသာစကား မတူကြသော နိုင်ငံခြားသားများကိုလည်း တကယ့် “ပေါက်ဖော်” ကဲ့သို့ ဖေးမကူညီကြပါသည်။ “ယခုတခေါက် ကူးစက်ရောဂါ စဖြစ်ချိန်မှာပဲ ရွှေလီမြို့အစိုးရက အရေးပေါ်လုပ်ဆောင်ချက်တွေကို ချက်ချင်းချမှတ်လိုက်ပါတယ်။ Nucleic acid ဓာတ်ခွဲစမ်းသပ်မှုကို အခမဲ့ စစ်ဆေးပေးတော့ မိမိရဲ့ကျန်းမာရေးအခြေအနေကို မိမိကိုယ်တိုင် သိရှိစေရုံသာမက တစ်ပါးသူရဲ့ကျန်းမာရေးအတွက်လည်း အာမခံချက်ရရှိစေပါတယ်။ အရာအားလုံးဟာ မကြာခင်အချိန် အတွင်းမှာပဲ ပြန်ကောင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

ရွှေလီမြို့တွင်ကျင်းပသော စတုတ္ထအကြိမ်မြောက် COVID-19 ကူးစက်ရောဂါကာကွယ် ရေး အခြေအနေ သတင်းစာရှင်းလင်းပွဲမှရရှိသော သတင်းအချက်အလက်များအရ ရွှေလီမြို့တွင်နေထိုင်သူ အားလုံးကို တစ်ယောက်မကျန် Nucleic acid ဓာတ်ခွဲစမ်းသပ်မှု တွင် ပါဝင်နိုင်ရန်အတွက် ဓာတ်ခွဲစမ်းသပ်မှု နမူနာရယူချိန်တွင် ရွှေလီမြို့တွင်နေထိုင်သော တရုတ်နိုင်ငံသား၊ နိုင်ငံခြားသားများအားလုံးကို အခွင့်အရေး တန်းတူညီမျှ ပေးအပ်ခဲ့ပါ သည်။ ဓာတ်ခွဲစမ်းသပ်မှု ကုန်ကျစရိတ်အားလုံးကို အစိုးရမှ တာဝန်ယူပါသည်။ ယခုလက်ရှိ ရွှေလီမြို့တွင် လုပ်ဆောင်သော Nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရ ယူခြင်းလုပ်ငန်းသည် “ရှင်းလင်းသော” အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။(记者:张莹琳 李沛昀 管毓树)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006