“နောင်မှာ ကိုယ်တိုင်ဖန်တီးတဲ့ ပျံသန်းရေးဝတ်စုံကို အဆင့်မြင့်ပြီး မြစ်ဝါမြစ် သို့မဟုတ် မဲခေါင်မြစ် ညာကို ဝတ်ဆင် ဖြတ်သန်းနိုင်ဖို့ စီစဉ်ထားတယ်။”
ယခုရက်ပိုင်းတွင် လူငယ်အမျိုးသားတစ်ဦး၏ မိမိကိုယ်တိုင်ဖန်တီးသည့် ပျံသန်းခြင်းဝတ်စုံကို ဝတ်ဆင်ပြီး ပျံသန်းနေသည့် ဗီဒီယိုသည် အွန်လိုင်းတွင် လူကြိုက်များလာသည်။ ၎င်းလူငယ်အမျိုးသား သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တောင်ပိုင်းဒေသ ဟော်ခိုမြို့သား ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိ သည်။ သူသည် မိမိကိုယ်တိုင်ပျံသန်းနိုင်သည့်အိပ်မက်ကို အကောင်အထည်ဖော်ရန် ၂ နှစ်ကြာခဲ့ပြီး တရုတ်ငွေ ယွမ် ၇ သိန်း (ဒေါ်လာ ၁၀၄၂၃၀)အကုန်အကျခံခဲ့ပြီးနောက် မြေပြင်နှင့် ၃ မီတာ အကွာတွင် ၃ မှ ၅ မိနစ်ကြာ ပျံသန်းနိုင်သော ပျံသန်းရေးဝတ်စုံကို ယ်တိုင်ဖန်တီးနိုင်ခဲ့ပါသည်။