မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့် ။ ။ တရုတ် နိုင်ငံတကာကုန်စည်ပြပွဲ၏ သူငယ်ချင်းစကားဝိုင်းတွင် ပါဝင်ရန် မျှော်လင့်နေ

2020-11-09 15:42:08 |သတင်းအရင်းအမြစ် 云南日报

“ကမ္ဘာတစ်ဝန်းက ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်နေတဲ့နောက်ခံအခြေအနေမှာ ယခုလို တံခါး ဖွင့်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြနေတဲ့ ပြပွဲကြီးကို သတ်မှတ်ထားတဲ့အချိန်အတိုင်း ကျင်းပနိုင် တဲ့အတွက် ထူးခြားနက်ရှိုင်းတဲ့အဓိပ္ပါယ်ကို ထင်ဟပ်နေပါတယ်။” တတိယအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ (အောက်တွင် သွင်းကုန်ကုန်စည်ပြပွဲဟု ရေးသားမည်) ဖွင့်ပွဲအခမ်းအနားကို နိုဝင် ဘာလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ ၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မန္တလေး ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ယခုကဲ့သို့ မိမိ၏ခံစားချက်ကို ထုတ်ဖော်ချီးကျူးခဲ့ပါသည်။ “ကပ်ရောဂါက လူသားတွေ အတူတကွတံခါးဖွင့်ပြီး ပူးပေါင်းဆောင်ရွက် လိုတဲ့စိတ်ဓာတ်နဲ့ အစီအစဉ်လှုပ်ရှားမှုကို မတားဆီးနိုင်ပါဘူး”ဟု သူက ဆက်လက်ပြောဆိုခဲ့ပါသည်။

ဦးမျိုးညွန့်သည် နိုဝင်ဘာလ ၅ ရက်နေ့ သွင်းကုန်ကုန်စည်ပြပွဲအတွင်း စည်ကားနေသည်ကို Tiktok ဗီဒီယိုတိုများမှတစ်ဆင့် တွေ့မြင်ခဲ့ပါသည်။ “နိုင်ငံခြားက လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက မိုင်ထောင် ပေါင်းမက ဝေးတဲ့ခရီးကို ဖြတ်သန်းပြီး နေရာဒေသအသီးသီးကနေ ရှန်ဟိုင်းကို ရောက်လာကြတယ်။ သူတို့က ကပ်ရောဂါကြောင့် သီးခြားနေထိုင်ခြင်းစနစ်ကိုလိုက်နာပြီး ၁၄ ရက်ကြာ quarantine စောင့် ကြည့်ခြင်းကို ခံခဲ့ရပေမယ့် သွင်းကုန်ကုန်စည်ပြပွဲမှာ ပါဝင်လိုတဲ့စိတ်ဓာတ်တက်ကြွမှုကတော့ လုံးဝ လျော့ကျမသွားပါဘူး။” အဆိုပါအခြေအနေသည် တရုတ်ဈေးကွက်က ကြီးမားသောသံလိုက်တုံး ကဲ့သို့ နိုင်ငံအသီးသီးမှလုပ်ငန်းရှင်များကို ဆွဲဆောင်နေခြင်း ဖြစ်သည်ဟု ဦးမျိုးညွန့်က သုံးသပ်ပြောဆို သည်။ ပင်လယ်ရပ်ခြားမှရောက်ရှိလာသော လုပ်ငန်းရှင်များသည် တရုတ်ဈေးကွက်၏ အလားအလာ ကောင်းကို ယုံကြည်စိတ် ပြည့်ဝစွာရှိနေသကဲ့သို့ တရုတ်စီးပွားရေးအပေါ် ယုံကြည်စိတ်အပြည့်ရှိ နေပါကြောင်း၊ သွင်းကုန်ကုန်စည်ပြပွဲသည် နိုင်ငံခြားကုန်သည်များ၏ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ပလက်ဖောင်းတစ်ခု ဖန်တီးပေးနေကြောင်း၊ ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုအလားအလာနှင့် အခွင့် အရေးကို သယ်ဆောင်လာပါကြောင်း ဦးမျိုးညွန့်က ပြောခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံထွက် Hass ထောပတ်သီး၊ အရှေ့တီမောနိုင်ငံထွက် Kopi Luwak ကော်ဖီ၊ ထိုင်း နိုင်ငံထွက် အုန်းနို့ရည်…… ယခုအကြိမ်သွင်းကုန်ကုန်စည်ပြပွဲ ပြခန်းအားလုံးအနက် ထောပတ်သီး စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်နေသော ဦးမျိုးညွန့်သည် “အစားအသောက်နှင့် လယ်ယာထွက် ကုန်ပြခန်း”ကို အထူးအာရုံစိုက်ခဲ့သည်။ “အဲဒီပြခန်းဧရိယာမှာ နိုင်ငံပေါင်းတစ်ရာကျော်က လုပ်ငန်းရှင် တွေ ပါဝင်ပြသခဲ့တယ်။ ပြခန်းအားလုံးအနက် ပါဝင်တဲ့နိုင်ငံနဲ့ လုပ်ငန်းရှင် ပမာဏအများဆုံးပြခန်းဖြစ် တယ်။ မြန်မာနိုင်ငံက ဖရဲသီး၊ သရက်သီး၊ ထောပတ်သီး၊ နာနတ်သီး၊ သခွားမွှေး စတဲ့ အပူပိုင်းဒေသ ထွက် သစ်သီးတွေ ပေါကြွယ်တယ်။ သွင်းကုန်ကုန်စည်ပြပွဲက မြန်မာနိုင်ငံက သစ်သီးလုပ်ငန်းရှင် တွေအတွက် အတော်ကောင်းမွန်တဲ့ ပြပွဲ ပလက်ဖောင်း ဖြစ်ပါတယ်။ ဈေးရောင်းချရေးနဲ့ ကုန်သွယ်မှု အခွင့်အလမ်း ပိုမိုရရှိစေနိုင်တယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံသစ်သီးတွေကို သွင်းကုန်ကုန်စည်ပြပွဲမှာ ပါဝင်ပြသနိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ ဆန္ဒရှိပါတယ်”ဟု ဦးမျိုးညွန့်မှဆိုသည်။

နှစ်စဉ် အောက်တိုဘာလမှ နောက်တစ်နှစ် ၄ လပိုင်းအတွင်း မြန်မာ့ဖရဲသီးများနှင့် ပြည့်နှက်နေသည့် ကုန်တင်ကားများသည် တစ်စီးပြီးတစ်စီး ယူနန်ပြည်နယ် ဝမ်တျိန်းနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ကာ တရုတ်ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချနေပါသည်။ “အဲဒီအနေအထား ကတစ်ဆင့်လည်း မြန်မာ-တရုတ်နှစ်ဦးနှစ်ဖက်ရဲ့ သစ်သီးကုန်သွယ်ရောင်းချရေးက ထူးခြားတဲ့ ပထဝီ အားသာချက်ကို ပိုင်ဆိုင်နေတယ်။ သယံဇာတအားသာချက်နဲ့ ပထဝီအားသာချက် ပေါင်းစပ်ဖွံ့ဖြိုးမှု ကြောင့် မြန်မာ-တရုတ် သစ်သီးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုက ရှေ့အလားအလာ ကောင်းမွန်လှပါ တယ်”ဟု ဦးမျိုးညွန့်က ပြောကြားခဲ့သည်။

သွင်းကုန်ကုန်စည်ပြပွဲသို့ ပါဝင်ပြသသည့် လုပ်ငန်းရှင်များက အချိန်နှင့်အမျှ တိုးများလာသည်နှင့်အညီ သွင်းကုန်ကုန်စည်ပြပွဲ၏ သူငယ်ချင်းစကားဝိုင်းသည် အဆက်မပြတ် တိုးချဲ့နေပါသည်။ လာမည့်နှစ်တွင် ကုန်စည်ပြပွဲ၏ မိတ်ဆွေသစ်တစ်ဦး ဖြစ်နိုင်မည်ဖြစ်ပြီး မိမိ ဂရုတစိုက် စိုက်ပျိုးထားသော ထောပတ်သီး မျိုးကောင်းမျိုးသန့်များကို တရုတ်စားသုံးသူများထံ မျှဝေရန် မျှော်လင့်ပါသည်ဟု ဦးမျိုးညွန့်သည် သူ၏ ဆန္ဒကို ယခုကဲ့သို့ ပြောပြခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006