ရွှေလီမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၆၁၁၇ ဦးသည် နေထိုင်ရေး အဆင်ပြေစေသော “ပေါက်ဖော်ကဒ်” ရရှိ

2020-11-20 15:39:06 |သတင်းအရင်းအမြစ် 德宏团结报

ရွှေလီနယ်စပ်ဂိတ်သည် တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား အကြီးဆုံးကုန်းလမ်းနယ်စပ်ဂိတ်ဖြစ်ပြီး ရွှေလီမြို့အတွင်းအလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားဦးရေသည် စုစုပေါင်း ၁ သိန်းကျော် ရှိပါသည်။ ယခုနှစ် မေလ ၂၉ ရက်နေ့ကတည်းက တရုတ်(ယူနန်)လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန် တယ်ဟုန်ဇုန်သည် “ပေါက်ဖော်ကဒ်”ကို ထုတ်ပေးခဲ့ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် ဘက်ပေါင်းစုံမှ ဝန်ဆောင်မှုပေးနေပါသည်။

“ပေါက်ဖော်ကဒ်”သည် စမတ်ချစ်ပ်ပြားပါသောကဒ်တစ်ခုဖြစ်ပြီး ၎င်းကဒ်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား၏ မြန်မာနိုင်ငံသားမှတ်ပုံတင်၊ မြန်မာနှင့်တရုတ် နယ်စပ်ဖြတ်ကျော်သွားလာခွင့် လက်မှတ်၊ ကျန်းမာရေးသက်သေခံလက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ ပြည်ပနယ်စပ်မှ နိုင်ငံသား များအတွက် ယူနန်ပြည်နယ်နယ်စပ်ဒေသတွင် ယာယီနေထိုင်ခွင့်လက်မှတ်၊ ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ် စသည့်အကြောင်းအရာတို့ ပါဝင်သည်။ ထို့ကြောင့် အဆိုပါပေါက်ဖော်ကဒ် ကိုင်ဆောင် သူများသည် ၎င်းကဒ်ဖြင့် ရွှေလီနယ်စပ်ဂိတ် ဖြတ်ကျော်ခြင်း၊ တရုတ်မိုဘိုင်းဖုန်းကဒ် ဝယ်ယူခြင်း၊ တရုတ် ဘဏ်ကောင့်ဖွင့်ခြင်း စသည့် ဆောင်ရွက်ချက်များကို အဆင်ပြေစွာဆောင်ရွက်နိုင်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်စားသောက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေသကဲ့သို့ သူတို့၏ အကြောင်းအရာအချက်အလက်များ၊ သက်ဆိုင်ရာလက်မှတ်လျှောက်ခြင်း အတွက်လည်း လွယ်ကူအဆင်ပြေစေပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ၊ ရွှေလီမြို့သည် မြန်မာ နိုင်ငံသား ရွှေ့ပြောင်းအလုပ် သမားများအတွက် ပေါက်ဖော်ကဒ် ၂၆၁၁၇ ခုကို ထုတ်ပေးခဲ့ပါသည်။

“တော်တော်အဆင်ပြေပါတယ်။ အရင်က အပြင်ထွက်ရင် လက်မှတ် ၆ ခု ပါဖို့ လိုတယ်။ အခုတော့ တစ်ခုပဲ ဆောင်ထားရင် အားလုံးအဆင်ပြေသွားတယ်။”

မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားဖြစ်သူ စိုင်းမင်းနေသည် ယခုကဲ့သို့ပြောသည်။ သူသည် ၂၀၁၆ ခုနှစ်ကတည်းက ရွှေလီမြို့ကို ဘာသာပြန်အလုပ် လာရောက်လုပ်ကိုင်လျက်ရှိသည်။

မောင်မင်းအောင်သည် ရွှေလီမြို့တွင် အလုပ်လာလုပ်နေသည်မှာ ၁ နှစ်မပြည့်သေးပါ။ သူသည် ပေါက်ဖော်ကဒ်မှ သယ်ဆောင်လာသောအကျိုးအနေဖြင့် နေထိုင်မှုအဆင်ပြေခြင်းအတွက် များစွာ ချီးကျူးနေပါသည်။ “ကျွန်တော်က စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတယ်။ စက်တင်ဘာလလပိုင်းမှာ ရွှေလီက ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပေါက်ဖော်ကဒ် ရှိနေပြီး အခမဲ့ nucleic acid ဓာတ်ခွဲစစ်ဆေးမှုကို ခံယူခဲ့တယ်။ ဒီကဒ်နဲ့ အနီးဝန်းကျင် ရှုခင်းသာနေရာတွေကို လည်း သွားရောက်လည်ပတ်နိုင်တယ်။ ရွှေလီမြို့မှာ နေအိမ်ငှားရမ်းခြင်းအတွက်လည်း အဆင်ပြေ တယ်။”

“နောက်ပိုင်းမှာ ဘဏ္ဍာရေးဆိုင်ရာအကောင့်လျှောက်ခြင်း၊ မိုဘိုင်းဖုန်း၊ ဘတ်စ်ကားကဒ်၊ ဆေးကုသရေး စတဲ့ကဏ္ဍတွေမှာ ဝန်ဆောင်မှုတိုးချဲ့လုပ်ဆောင်မယ်။ ပေါက်ဖော်ကဒ်က တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူပြည်သားတွေအကြား စိတ်နှလုံးခြင်းချိတ်ဆက်နိုင်တဲ့ကဒ်ဖြစ်သလို နောင်မှာလည်း ရွှေလီမြို့ ရဲ့ စီးပွားကုန်သွယ်ရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေဖို့ ဆောင်ရွက်မယ်” ဟု ရွှေလီမြို့ နိုင်ငံခြားသား အလုပ်သမားဝန်ဆောင်မှုနှင့် စီမံအုပ်ချုပ်ရေးစင်တာ၏ တာဝန်ခံ ရှောက်ယုံပေါင်း ကပြောသည်။(သတင်းအရင်းအမြစ်၊ 德宏团结报 ဘာသာပြန်၊ Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006