အသက် ၈၄ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ တိုက်ဖျက်ရေးသူရဲကောင်း ကျုံးနန်စန်း

2020-12-02 15:56:12 |သတင်းအရင်းအမြစ် 云桥网

မကြာသေးမီရက်ပိုင်းက “၂၀၂၀ ပြည့်နှစ်ကမ္ဘာ့အင်တာနက်ညီလာခံ--အင်တာနက်ဖွံ့ဖြိုးရေး ဖိုရမ်” ကို တရုတ်နိုင်ငံဝူးကျင်မြို့တွင် ကျင်းပခဲ့ပါသည်။ “ဗိုင်းရပ်ရောဂါပိုးက နယ်နိမိတ် မရှိ၊ ကိုဗစ်-၁၉ ကပ်ရောဂါကလည်း လူမျိုးမခွဲခြားပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနပြုခြင်း၊ 5G နည်းပညာသုံး ဆေးကုသခြင်း စတဲ့ကဏ္ဍတွေမှာ လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။” ဟု အဆိုပါညီလာခံတွင် တက်ရောက်သူတစ်ဦးမှပြောခဲ့ရာ တရုတ်ပြည်သူပြည်သားများ၏ တူညီသောခံစားချက်ကို ချက်ချင်းရရှိခဲ့ကြသည်။

အဆိုပါကဲ့သို့ပြောဆိုခဲ့သူသည် တရုတ်အင်ဂျင်နီယာအကယ်ဒမီမှ ပညာရှင်၊ ကျော်ကြားသော အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ သုတေသနကျွမ်းကျင်သူ ဆရာကြီးကျုံးနန်စန်း (Zhong Nanshan) ဖြစ်ပါသည်။ ဆရာကြီးသည် တရုတ်ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် တရုတ်ပြည်သူပြည်သားများ၏ နှလုံးသားထဲမှ သူရဲကောင်းကြီးလည်းဖြစ်သည်။ “ဆရာကြီး ကျုံးနန်စန်းသာရှိနေရင် ကျွန်တော်တို့အတွက် စိတ်ချရပြီ။” ကိုဗစ်-၁၉ ပျံ့နှံ့နေချိန်တွင် ပြည်သူပြည်သားများစွာသည် ယခုကဲ့သို့ ယုံကြည်စွာ ပြောဆိုခဲ့ကြပါသည်။

ဆရာကြီး ကျုံးနန်စန်းသည် ၂၀၀၃ ခုနှစ် SARS ရောဂါ ပြင်းထန်စွာပျံ့နှံ့နေချိန်တွင် ပြည်သူပြည်သားမြင်ကွင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ထိုအချိန်က အသက် ၆၇ နှစ် အရွယ်ရှိ ဆရာကြီးသည် တရုတ်နိုင်ငံကွမ်တုံးပြည်နယ် SARS ကာကွယ်ဆေးကုခြင်း ကျွမ်းကျင်ပညာရှင်အဖွဲ့၏ အဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ “SARS က ကာကွယ်ထိန်းချုပ်နိုင်တယ်၊ ကုသနိုင်တယ်။” သူသည် သိပ္ပံပညာရှင်တစ်ဦးအနေဖြင့် ကြောက်ရွံ့ခြင်းကင်းပြီး ယခုကဲ့သို့ ရဲဝံ့ပြတ်သားစွာ ပြောကြားခဲ့သည်။ ထို့နောက် ဆရာဝန်တစ်ဦး၏တာဝန်ကို တက်ကြွစွာဆောင်ရွက်ပြီး ရောဂါအပြင်းထန်ဆုံးလူနာများကို သူ့ထံ အကုန်ပို့ပေးရန် တောင်းဆိုခဲ့ပါသည်။ သူ၏ဆောင်ရွက်ချက်သည် တရုတ်ပြည်သူ ပြည်သားများ၏ အသက်လုံခြုံရေးအတွက် အကျိုးများစွာ ဆောင်ကြဉ်းပေးခဲ့သည်။
ယခုနှစ် ဇန်နဝါရီလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် တရုတ်နိုင်ငံဝူဟန့်မြို့တွင် ပျံ့နှံ့ခဲ့ပြီး ကပ်ရောဂါကူးစက်ခြင်းအရင်းအမြစ် ရှင်းလင်းစွာ ရှာမတွေ့သောကြောင့် ပြည်သူပြည်သား များသည် အထိတ်တလန့်ဖြစ်ခဲ့သည်။ ဆရာကြီးကျုံးနန်စန်းသည် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကောင်စီ၏ အဆင့်မြင့်အထူးခန့်ကျွမ်းကျင်ပညာရှင်အဖွဲ့ အဖွဲ့မှူး အနေဖြင့် ရောဂါအခြေအနေသိရှိရန် ဝူဟန့်သို့ ကိုယ်တိုင်သွားရောက်စုံစမ်းလေ့လာခဲ့ပါသည်။

ယခုနှစ်တွင် ဆရာကြီးသည် အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သည်။

ဝူဟန့်တွင် ကိုဗစ်-၁၉ ပျံ့နှံ့ချိန်သည် တရုတ်နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်ဖြစ်သော နွေဦးပွဲတောင် ရောက်ရှိချိန်ဖြစ်ရာ လေယာဉ်လက်မှတ်နှင့် ကျည်ဆံရထားလက်မှတ်များ အားလုံးသည် အကုန်ရောင်းချခဲ့ပြီးဖြစ်နေသည်။ ကြိုးပမ်းဆောင်ရွက်ခြင်းအသီးသီးဖြင့် ဆရာကြီးအား ဝူဟန့်သို့ ကျည်ဆံရထား၏ စားသောက်ရထားတွဲဖြင့် ပို့ဆောင်ခဲ့သည်။ ရထားတွဲပေါ်ရောက်သည်နှင့် သူသည် ချက်ချင်းပင် ကပ်ရောဂါကို သုတေသနပြုခဲ့ပါသည်။ အလွန်ပင်ပန်းကြောင့် မခံနိုင်ချိန်မှသာ ခေတ္တ အနားယူခဲ့သည်။

အလွန်ပြည့်စုံသော လက်တွေ့လေ့လာဆန်းစစ်မှုနှင့် ခွဲခြမ်းစိတ်ဖြာခြင်းမှတဆင့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဆရာကြီးသည် CCTV ၏ အစီအစဉ်၌ ကိုဗစ်-၁၉ သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ကြောင်း အတည်ပြုခဲ့သည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံကွမ်တုံးမြို့ ၏ သတင်းစာရှင်းလင်းပွဲတွင် ဆရာကြီးက ပြောကြားခဲ့သည်မှာ “ကိုဗစ်-၁၉ ကပ်ရောဂါ ကုသဖို့ ထိရောက်တဲ့ဆေးက အခုလောလောဆယ် မရှိသေးပါဘူး။ အတည်ပြုလူနာတွေကို တင်းတင်းကျပ်ကျပ် သီးခြားခွဲထားရမယ်။ နောက်ပြီး အတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့သူကို ရှာဖွေရမယ်။ ပြည်သူပြည်သားတွေက နှာခေါင်းစည်း တပ်ရမယ်။ ဆေးဘက်ဆိုင်ရာပညာရှင်တွေကလည်း မိမိကိုယ်ကို ကောင်းကောင်းကာကွယ်ရမယ်။ ကူးစက်မှုပြင်းထန်ခြင်းကို တားဆီးရမယ်…..” ဆရာကြီး၏ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးကုသမှုညွှန်ကြားချက် ရေးဆွဲရာတွင် အလွန်တန်ဖိုးရှိခဲ့သည်။

ဝူဟန့်သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ချိန်အထိ လပေါင်းများစွာတွင် အွန်လိုင်းမှတစ်ဆင့် ရောဂါလက္ခဏာ ပြင်းထန်သောလူနာများကို ဆေးကုသပေးခြင်း၊ နိုင်ငံတကာဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ဖလှယ်ခြင်း၊ တရုတ်နိုင်ငံတစ်ခုလုံး၏ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများ သုတေသနပြုခြင်း၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစုစည်းပြီး ကိုဗစ်-၁၉ ဆေးကုသမှုညွှန်ကြားချက်ကို ပြင်ဆင်ခြင်း စသည့်လုပ်ငန်းများသည် ဆရာကြီး၏နေ့စဉ် အချိန်မလုံလောက်သော အခြေအနေရောက်ရှိသည်အထိ ဝန်ပိနေခဲ့သည်။

“အခုအချိန်ထိ နှာခေါင်းစည်းမချွတ်ထားရဘူးလို့ ဆရာကြီးကပြောခဲ့တယ်လေ။” “ရေဆိုးထုတ်မြောင်းလည်း ဂရုစိုက်သင့်တယ်လို့ ဆရာကြီးကပြောခဲ့တယ်လေ။” ပြည်သူပြည်သားများသည် ဆရာကြီး၏ညွှန်ကြားချက်များကို တင်းကျပ်စွာလိုက်နာကြ ပါသည်။ သတင်းအမှားထွက်လာချိန်တွင် ပြည်သူပြည်သားများက “စိတ်မပူပါနဲ့၊ ဆရာကြီး ဘယ်လိုပြောမလဲဆိုတာ နားစွင့်ကြည့်ပါဦး” ဟု ပြောကြပါသည်။ ဆရာကြီးကျုံးနန်စန်း၏ ပြောဆိုချက်သည် ပြည်သူပြည်သားများအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန် လိုက်နာရမည့်စည်းကမ်း ဖြစ်နေခဲ့ပါသည်။

ထူးချွန်သောဆေးပညာပိုင်ဆိုင်ခြင်း၊ ဝေဒနာရှင်များအပေါ် အစဉ်အမြဲဂရုစိုက်သော စိတ်ဓာတ် ရှိသောကြောင့် ဆရာကြီးသည် ပြည်သူပြည်သားများ၏ ယုံကြည်စိတ်ချမှုကို ရရှိပါသည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် ဆရာကြီးသည် “သမ္မတနိုင်ငံ၏ ဂုဏ်ထူးဆောင်တံဆိပ်” ကို ရရှိခဲ့ပြီး ၎င်းသည် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ် ဖြစ်ပါသည်။ ယခုကဲ့သို့သော ဂုဏ်ကျက်သရေကို ရရှိခြင်းအတွက် ပြည်သူပြည်သားများသည် ဆရာကြီးထက် ပို၍ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။ “ဆရာကြီးက စံနမူနာပေါ့။ ဘာကြောင့်မို့ ကျွန်တော်တို့ရဲ့ကလေးတွေကို စာဖတ်ခိုင်းသလဲ၊ ကျောင်းတက်ခိုင်းသလဲဆိုရင် ဆရာကြီးလိုလူမျိုး ဖြစ်စေချင်လို့‌ပေါ့။” အွန်လိုင်းတွင် ဆရာကြီးနှင့် သက်ဆိုင်သည့် သတင်းဆောင်းပါးအောက်တွင် ပရိသတ်အများအပြားသည် ယခုကဲ့သို့ ရေးသားခဲ့ကြသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006