“ကျွန်တော်တို့သည် မြန်မာဒေသခံများနှင့် အေးအတူပူအမျှ နေထိုင်ကြသည်”

2020-12-08 17:40:07 |သတင်းအရင်းအမြစ် 中国扶贫基金会

၂၀၁၅ ခုနှစ်ဇူလိုင်လတွင် တရုတ်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (China Foundation for Poverty Alleviation,CFPA)သည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ပြီး ရုံးခန်းဖွင့်လှစ်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ခဲ့သော ပထမဦးဆုံး တရုတ်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့ အစည်းဖြစ်သည်။ ယခုနှစ်သည် CFPA မြန်မာရုံးခန်းတည်ထောင်ဖွင့်လှစ်ခြင်း ၅ နှစ်ပြည့် အခါ သယမဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်တွင် CFPA သည် မြန်မာဘက်နှင့်ပူးပေါင်းပြီး ကူညီထောက်ပံ့မှု စီမံကိန်းများစွာကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကူညီထောက်ပံ့မှုစီမံကိန်းသည် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၁၀၉ ခုကို ဖုံးလွှမ်းနေပြီး မြန်မာဒေသခံပြည်သူပြည်သား ၃.၂၈ သိန်းအား အကျိုးရရှိစေခဲ့ကြောင်း သတင်းအရသိရပါသည်။ ထို့အတူ CFPA သည် မြန်မာဒေသခံ ပြည်သူပြည်သားများနှင့်အတူ နက်ရှိုင်းသည့်ချစ်ကြည်ရေးမေတ္တာကို တည်ဆောက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် CFPA သည် မြန်မာနိုင်ငံတွင် “ကလေးများ၏ ပြုံးပျော်ရွှင် (စားနပ်ရိက္ခာထောက်ပံ့ခြင်းစီမံကိန်း)”ကို စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ၊ ရန်ကုန်၏ မြို့နယ် ၂၀ ခုမှ ကျောင်းသူကျောင်းသား ၂၀၉၅ ဦးအတွက် စားနပ်ရိက္ခာလက်ဆောင်ထုတ်ဖြင့် ကူညီထောက်ပံ့ပေးခဲ့သည်။

မြန်မာပေါက်ဖော်ပညာသင်ဆုထောက်ပံ့ငွေစီမံကိန်းသည် CFPA မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သော ပထမဦးဆုံးစီမံကိန်းဖြစ်သည်။ ယခုအချိန်ထိတိုင် မြန်မာနိုင်ငံအတွင်း တက္ကသိုလ်နှင့်ကောလိပ် ၁၄ ခုမှ ကျောင်းသူကျောင်းသား ၁၃၄၈ ဦးအတွက် ပညာသင်ဆုထောက်ပံ့ငွေဖြင့် ထောက်ပံ့ပေးခဲ့သည်။ ၎င်း အနက် ပထမအသုတ်ကျောင်းသူကျောင်းသား ၅၅၀ ဦးသည် ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင် ဘွဲ့ရခဲ့ပါ သည်။

၂၀၁၈ ခုနှစ်တွင် CFPA မြန်မာရုံးခန်းသည် နိုင်ငံတကာချစ်ခြင်းမေတ္တာကျောင်းသုံးလွယ်အိတ်စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်ထိတိုင် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးအိမ်ထောင်စုများမှ မူလတန်းကျောင်းသူ ကျောင်းသား ၂၈၁၉၁၁ ဦးအတွက် ကျောင်းသုံးလွယ်အိတ်ကို ပေးပို့ခဲ့ပါသည်။

ထို့ပြင်၊ CFPA သည် မြန်မာဒေသခံပရဟိတအဖွဲ့အစည်းဖြစ်သော Less Walk နှင့်လက်တွဲပြီး “အပြည်ပြည်ဆိုင်ရာ ချစ်ခြင်းမေတ္တာ စက်ဘီးစီမံကိန်း”ကို ဆောင်ရွက်ခဲ့ကြောင်း၊ CFPA သည် တယ်ဂျီ ပရဟိတဖောင်ဒေးရှင်း၊ Himel နှင့် အတူပူးပေါင်းပြီး မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အား ချို့တဲ့သည့်ဒေသရှိ ကလေးများအတွက် နေရောင်ခြည်စွမ်းအင်သုံး မီးသီး ၃၆၄ လုံးကို လှူဒါန်းခဲ့ကြောင်း၊ CFPA မြန်မာ ရုံးခန်းသည် ၂၀၁၉ ခုနှစ်ကစတင်ကာ မြန်မာကျေးလက်ဒေသတွင်းရှိ ရပ်ကွက်နှင့် စာသင်ကျောင်းတွင် သောက်သုံးရေသန့်စင်ခြင်းစီမံကိန်းကို ဆောင်ရွက်ခဲ့ပြီး အဆိုပါနေရာတွင် ရေသန့်စင်စက်ကိရိယာ များကို တပ်ဆင်ခြင်းမှတစ်ဆင့် ဒေသခံပြည်သူပြည်သားများအတွက် သန့်စင်သောသောက်သုံးရေကို ပေးဝေနေကြောင်း သတင်းအရ သိရှိပါသည်။

“ပြည်သူပြည်သားတွေအကြား အပြန်အလှန်သဘောပေါက်နားလည်ခြင်းကနေ အပြန်အလှန်သိရှိနိုင်ကြ ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်ထားတယ်။ နေ့စဉ်နေ့တိုင်း ဒေသခံနဲ့ ဆက်သွယ် တယ်။ ဒီလိုကနေ နှစ်ဦးနှစ်ဖက်အပြန်အလှန် သိရှိလာကြတယ်။ ကျွန်တော်တို့က မြန်မာပြည်သူ ပြည်သားတွေနဲ့ အတူလက်တွဲပြီး ရှေ့သို့ချီတက်မယ်။ တရုတ်-မြန်မာအကြား ပေါက်ဖော်ချစ်ကြည် ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ အထောက်အပံ့ဖြစ်စေပါမယ်”ဟု CFPA မှ သက်ဆိုင်ရာ တာဝန်ခံတစ်ဦး ယခုကဲ့သို့ ပြောခဲ့ပါသည်။( သတင်းအရင်းအမြစ်၊ CFPA မှ ကောက်နုတ်တင်ပြသည်။ ဘာသာပြန်၊ Yunnan Gateway။ )

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006