မင်္ဂလာရှိစွာ အလှဆင်မွမ်းမံထားသည့် ပြတိုက်ရင်ပြင်တွင် ပွဲတော်ပျော်ရွှင်မှုမှာ တောက်ပနေပြီး ဧရိယာစတုရန်းမီတာ ၅၀၀၀၀ ကျော်ရှိသည့် ကွန်ဗင်းရှင်းစင်တာတွင် နိုင်ငံတကာပြခန်း၊ နိုင်ငံအဝှမ်းမှ ဒေသအသီးသီး၏ အထူးထွက်ကုန်ပြခန်း၊ နာမည်ကျော်စားကောင်းသောက်ဖွယ်ပြခန်း၊ အထွေထွေပစ္စည်းပြခန်း၊ ကုန်းပြင်မြင့်ဒေသ အထူးလယ်ယာထွက်ကုန်ပြခန်းနှင့် စားကောင်းသောက်ဖွယ်၊ လတ်ဆတ်အသား၊ သစ်သီးပြခန်းများကို စီစဉ်ထားရှိသည်။ တရုတ်ပြည်တွင်းမှ နာမည်ကျော်ကြားသော ထွက်ကုန်များ၊ တောင်အာရှ အရှေ့တောင်အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိက၊ ဂျပန်၊ တောင်ကိုရီးယားစသည့် နိုင်ငံ ၂၀ ကျော်နှင့် ဒေသများမှ သွင်းကုန်ကုန်စည်များ ပါဝင်ပြသထားပြီး ပြပွဲသမိုင်းသစ် ရေးထိုးနိုင်ခဲ့ကြောင်း သိရပါသည်။
သတင်းထောက် ။ ။ရန်ကျိန်း (ယူနန်ကွန်ရက်)