ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့ ယီယွမ်ရပ်ကွက်အဝင်ဂိတ်၌ မြို့သူမြို့သားများသည် QR ကုဒ်ဖတ်ပြီးဝင်ကြသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့မှစပြီးယူနန်ပြည်နယ် တစ်ပြည်နယ်လုံး၌ အများပြည်သူနေရာများတွင် “ယူနန်ပြည်နယ် ရောဂါကာကွယ်ခြင်း”လှုပ်ရှားမှုကိုဆောင်ရွက်နေပြီးအများသုံးနေရာတိုင်းတွင် QR ကုဒ်ဖတ်ပြီးဝင်ရောက်ခြင်းစနစ်ကိုကျင့်သုံးပါသည်။ မှတ်တမ်းတင်ခြင်းသည် တစ်ဦးတစ်ယောက်ခြင်းဆိုင်ရာအချက်အလက်ကိုအများပြည်သူနေရာရှိ Big Data မှတဆင့် ခြေရာခံနိုင်ပြီး ဖြစ်နိုင်ခြေရှိသောရောဂါအခြေအနေကိုစောင့်ကြည့်စစ်ဆေးနိုင်ကြောင်းသတင်းအရသိရပါသည်။
သတင်းထောက် ။ ။ဟူချောင်း (ဆင်ဟွာသတင်းဌာန)