အသစ် ၁၆ နှစ်ရှိ လီရင်ရှောင်သည် ကူမင်းမြို့ အမှတ် ၂၄ အလယ်တန်းကျောင်းမှ အလယ်တန်းတတိယနှစ်ကျောင်းသားဖြစ်ပြီး မိသားစုသည် တာ့လီမြို့မှ လာရောက်ခြင်းဖြစ်ကာ ကူမင်းမြို့တွင် အခြေချနေထိုင်လျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံအစိုးရသည် ကျောင်းဖွင့်ချိန်ကို ရွှေ့ဆိုင်းလိုက်သဖြင့် လီရင်ရှောင်နှင့် ကျောင်းနေဖက်များသည် ကျောင်းပိတ်ရက်တွင် အိမ်၌သာ နေထိုင်ကြရသည်။ စာသင်ကျောင်းမှ အကြောင်းကြားချက်အရ မတ်လ ၂၂ ရက်နေ့တွင် ကျောင်းပြန်ဖွင့်ရာ ကျောင်းသူကျောင်းသား ၅၆ ဦး ကျောင်းတက်ကြသည်။ ပထမဆုံးစာသင်ချိန်တွင် ဆရာသည် ကျောင်းဝန်းအတွင်း ပိုးသတ်ဆေးဖြန်းခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးနှင့် ပညာပေးအစီအစဉ်များကို ရှင်းလင်းသင်ကြားပေးကာ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
သတင်းထောက် ။ ။ ချင်ရှင်းဘော (ဆင်ဟွာသတင်းဌာန)