တရုတ်နိုင်ငံ COVID-19 ရောဂါအခြေအနေကောင်းမွန်လာခြင်းနှင့်အတူ ဟူပေပြည်နယ် ဝူဟန့်မြို့ သည် ပိတ်ဆို့မှုများဖြေလျော့ကာ ပြန်လည်ဖွင့်လှစ်၍ မြို့သူမြို့သားများသည် လုပ်ငန်းပြန်ဆင်းရန်အတွက် တက်ကြွစွာစတင်လိုက်ပါသည်။ လတ်တလောရက်ပိုင်းတွင် ဝူဟန့်မြို့ရှိ မြို့ဝင်ဂိတ်၌ အလုပ်ဆင်းမည့်သူများ၊ ဝူဟန့်သို့ပြန်လာသူများဖြင့် များပြားစည်ကားနေပါသည်။ မြို့ဝင်ဂိတ်ရှိ ဝန်ထမ်းများသည် မြို့ဝင်သူဆိုင်ရာ ဟူပေပြည်နယ် ကျန်းမာရေးကုဒ်နှင့် သက်ဆိုင်ရာထောက်ခံချက်ကို စစ်ဆေးပြီး မြို့ဝင်မြို့ထွက်သူ ကျန်းမာလုံခြုံမှုအတွက် သေချာစစ်ဆေးပေးပါသည်။
သတင်းထောက် ။ ။ ရှောင်းယိကျို (ဆင်ဟွာသတင်းဌာန)