လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ် အန်းနင်မြို့ ဘားကျေးမြို့နယ်ရှိ စားသုံးနိုင်သော နှင်းဆီပန်း ဆွတ်ခူးချိန်သို့ ရောက်ရှိလာပါသည်။ ဘားကျေးမြို့နယ်သည် ယူနန်ပြည်နယ်ရှိ အတိုင်းအတာအကြီးဆုံး စားသုံးနိုင်သော နှင်းဆီပန်း ကုန်ထုတ်လုပ်စခန်း ဖြစ်ပါသည်။ လက်ရှိတွင် ဘားကျေးမြို့နယ်ရှိ စားသုံးနိုင်သော နှင်းဆီပန်းစိုက်ခင်းဧရိယာမှာ တရုတ်ဧက ၉၆၀၀ ဧက (၆၄၀ ဟက်တာ)ကျော်ရှိပြီး နှစ်စဉ် နှင်းဆီပန်း ၄၅၀၀၀ တန်ကို ထုတ်လုပ်နိုင်ကာ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၆၇၅ သိန်း (ဒေါ်လ ၉၅.၃၃ သိန်း) ရှိပါသည်။ စိုက်ပျိုးထားသော စားသုံးနိုင်သော နှင်းဆီပန်းသည် နှင်းဆီသကြား၊ နှင်းဆီမုန့်၊ နှင်းဆီပန်းအခြောက်၊ နှင်းဆီပန်းလက်ဖက်၊ နှင်းဆီဆပ်ပြာ၊ နှင်းဆီဖျော်ရည် စသည့် နှင်းဆီထုတ်ကုန်များ ထုတ်လုပ်ပါသည်။
သတင်းထောက် ။ ။ လျူရမ်ရန် (တရုတ်သတင်းဌာန)