ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းသဘောတူစာချုပ် Concession Agreement ကို နိုဝင်ဘာလ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုး

2020-11-23 17:46:53 |သတင်းအရင်းအမြစ် 金凤凰

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းသဘောတူစာချုပ် Concession Agreement လက်မှတ် ရေးထိုးပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တရုတ်သံအမတ်ကြီးချိန်ဟိုင်းတက်ရောက်ခဲ့ပြီး စီးပွားရေးသံမှူးထန်စူးဖုသည် တရုတ်ဘက်၏ သက်သေအဖြစ် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာသဘောတူစာချုပ်လဲလှယ်ခြင်းအခမ်းအနားကို ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ရှေ့မှောက်တွင် ကျင်းပခဲ့သည်။

တရုတ် CITIC Group ဒါရိုက်တာ ဘုတ်အဖွဲ့ဥက္ကဋ္ဌချန်ကျင့်မင်(Chang Zhenming) သည် CITIC Consortium ကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးအောင်တိုးနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဆိုင်ရာအစုရှယ်ယာရှင်များသဘောတူစာချုပ်၊ လုပ်ငန်းသဘောတူ စာချုပ်Concession Agreementကို အပြန်အလှန်လဲလှယ်ခဲ့သည်။ ၎င်းသည် “The Belt and Road”မူဘောင်အောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း၏အကြံဉာဏ်ပုံဖော်ခြင်းမှ လက်တွေ့ အကောင်အထည်ဖောင်ဆောင်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်းဟုလည်းဆိုနိုင်ပါသည်။ သဘောတူ စာချုပ်အရ၊ တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်သည် ရေနက်ဆိပ်ကမ်းဖက်စပ်ကုမ္ပဏီကို တည်ထောင်ထားပြီး ရေနက်ဆိပ်ကမ်း၏ တည်ဆောက်ခြင်းနှင့်လည်ပတ်ခြင်းကို အတူဆောင်ရွက်မည်ဖြစ်သည်။

ထို့နောက် တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်သည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးကျိုးထိခိုက်မှုကို ကျော်လွှား ပြီး စီမံကိန်းကို ရှေ့သို့ချီတက်ရန် တက်ကြွစွာ တွန်းအားပေးပါသည်။ သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)၏ တရားဝင်အတည်ပြုလက်မှတ်ဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဖက်စပ်ကုမ္ပဏီမှတ်ပုံတင်ခြင်းအား ခွင့်ပြုခဲ့ပါသည်။ ဖက်စပ်ကုမ္ပဏီ၏ သဘောတူညီချက်အရ ယခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လုပ်ငန်းသဘောတူစာချုပ် Concession Agreement ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုန်စီမံကိန်း(အောက်တွင်“ကျောက်ဖြူစီမံကိန်း”ဟုရေးသားမည်) သည် တရုတ်နှင့်မြန်မာနှစ်နိုင်ငံမှ“The Belt and Road”နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းအတူတည်ဆောက်ခြင်းမူဘောင်အောက်တွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး မြန်မာ နိုင်ငံစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာသောအကျိုးဆောင်ပေးနိုင်သကဲ့သို့ တရုတ်- မြန်မာနှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းစေခြင်း၊ နှစ်ပေါင်းကြာရှည်သော တရုတ်-မြန်မာအစဉ်အလာချစ်ကြည်ရေးသံယောဇဉ်ကို ပိုမိုခိုင်ခံ့စေခြင်းအတွက်လည်း ခွန်အားဖြစ် စေပါသည်။

တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်သည် ၂၀၁၈ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ခြင်းမူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ ၎င်းသဘောတူညီချက်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက်မည်ဖြစ်ရာ စီမံကိန်းပထမအဆင့်တွင် ရင်နှီးမြှုပ်နှံငွေ ဒေါ်လာ ၁.၃ ဘီယီယံထက် မပိုသော သင်္ဘောဆိုက်ကပ်နှစ်ခုကို တည်ဆောက်ရန်ရည်မှန်းထားသည်။

စီမံကိန်းအရ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်မှ အတူပူးတွဲ မှတ်ပုံတင်ပြီးတည်ထောင်ထားသော မြန်မာဒေသခံကုမ္ပဏီမှတစ်ဆင့် franchising အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တည်ဆောက်ခြင်း၊ လည်ပတ်ခြင်းကို အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် တရုတ်ဘက်က အစုရှယ်ယာ ၇၀%၊ မြန်မာဘက်က အစု ရှယ်ယာ ၃၀% အသီးသီးပိုင်ဆိုင်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ ပူးပေါင်းဆောင်ရွက်မှုသက်တမ်းသည် နှစ်ပေါင်း ၅၀ ဖြစ်ပြီး ၎င်းကာလ တွင် မြန်မာ့အစိုးရသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှတစ်ဆင့် အခွန်ငွေအမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံရရှိမည်ဖြစ်သကဲ့သို့ စက်မှုဇုန်စီမံကိန်းမှ အခွန်ငွေအမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံရရှိ မည်ဖြစ်သည်။ စက်မှုဇုန်ပုံမှန်လည်ပတ်ပြီးနောက် တစ်နှစ်ပျမ်းမျှထုတ်လုပ်ရေးတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံရောက်ရှိနိုင်မည်ဖြစ်ပြီး စက်မှုဇုန်အတွင်းလူတစ်ဦးခြင်းစီ၏ ဂျီဒီပီသည် ဒေါ်လာ ၃ သောင်း ၂ ထောင် ရောက်ရှိနိုင်ပါမည်။

အရေးပါသောပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ရပ်အနေဖြင့် ကျောက်ဖြူစီမံကိန်းတည်ဆောက်ရာတွင် တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်သည် “အတူတကွတိုင်ပင်ညှိနှိုင်းခြင်း၊ အတူတကွတည်ဆောက်ခြင်း၊ အတူ တကွ အကျိုးမျှဝေခံစားခြင်း”ဟူသော မူကို ကောင်းမွန်စွာ လိုက်နာသကဲ့သို့ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း လူမှုရေးကို ကာကွယ်ထိန်းသိမ်းခြင်း(PEOPLE) ၊ စီးပွားရေးဖြစ်ထွန်းစေခြင်း (PROSPERITY)၊ ဇီဝပတ်ဝန်းကျင်ကာကွယ်ခြင်း(PLANET) ဟူသော အတွေးအခေါ်ကို ခိုင်မြဲစွာ လိုက်နာ ခြင်းဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံတည်ဆောက်ရေးလုပ်ငန်း၊ ဒေသခံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ဒေသခံ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးခြင်းလုပ်ငန်းစသည့်ကဏ္ဍတို့တွင် အကျိုးဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။