ယူနန်ရှိအစားအစာပါဝင်ပစ္စည်းများကိုထိုင်းဟင်းလျာတွင် ပေါင်းစပ်ချက်ပြုတ်သည့် အရသာထူးခြားသောထိုင်းစားသောက်ဆိုင်

2020-01-22 17:55:01 |သတင်းအရင်းအမြစ် 云桥网

ကူမင်းမြို့ တွင် “cloud 18” အမည်ရှိထိုင်းစတိုင်လ် စားသောက်ဆိုင်ရှိပါသည်။

ဆိုင်ရှင်က ထိုင်းနိုင်ငံချင်းမိုင်သူ ဝူမင်ချင်း ဖြစ်ပါသည်။ သုံးဆောင်ကြသော ဖောက်သည်များအား စစ်မှန်သော ထိုင်းစတိုင်လ်ကို တွေ့ကြုံခံစားနိုင်စေရန် သူမသည် စားသောက်ဆိုင် ပတ်ဝန်းကျင်ကို အစိမ်းရောင်ပန်းပင်များဖြင့် မွမ်းမံထားပါသည်။ ၁၉၉၉ ခုနှစ်တွင် တက္ကသိုလ်မှ ဘွဲ့ရခဲ့သောဝူမင်ချင်းသည် ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်လာပြီး နှစ်ပေါင်း ၂၀ ဝန်းကျင်အတွင်းစားသောက်ဆိုင် ၃ ဆိုင်ကိုဖွင့်လှစ်ခဲ့သည်။ “cloud 18”သည် ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခြင်းဖြစ်ပြီး ကူမင်းမြို့ရှိယူတွမ်းအရှေ့ဘက်လမ်းအိမ်နံပါတ် ၁၈ တွင်တည်ရှိသဖြင့် အဆိုပါနာမည်ကိုပေးခဲ့သည်။ “cloud 18”သည် ထိုင်းနိုင်ငံဟင်းလျာများကို အထူးချက်ပြုတ်ပါသည်။ ထိုင်းနိုင်ငံမှ စားဖိုမှူးကိုဖိတ်ခေါ်ထားပြီး ထိုင်းနိုင်ငံအစားအစာပါဝင်ပစ္စည်းကို စိတ်ရှည်စွာရွေးချယ်ကာ အရသာစစ်မှန်သောထိုင်းဟင်းလျာကို ချက်ပြုတ်ပါသည်။ ထို့အတူဝူမင်ချင်းက ယူနန်ရှိအစားအစာပါဝင်ပစ္စည်းများကို ထိုင်းဟင်းလျာတွင် ပေါင်းစပ်ချက်ပြုတ်နည်းအားစူးစမ်းလေ့လာသည်။ နှစ်စဉ်နှစ်တိုင်းတောမှိုထွက်ရှိချိန်၌ ဝူမင်ချင်းသည် Matsutake ထင်းရှူးမှိုများစွာကို ဝယ်ယူပြီး ထိုင်းအစိမ်းရောင်မဆလာနှင့်အတူ တရုတ်-ထိုင်း ပေါင်းစပ်သောထူးခြားအရသာကောင်းလှသည့် ဟင်းလျာကို ဖောက်သည်များအတွက် အထူးစီမံချက်ပြုတ်ပါသည်။

သတင်းထောက် ။ ။တွမ့်ကျန့်ရှင်းချိုက်မွန်

ဓပုံ၊ ဗီဒီယို။ ။လီဝင်ကျွင်း

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006