ယူနန်ပြည်နယ်ရှိ ပန်ဒါငယ် မောင်ဇူနှင့် ဇင်တောတို့ နေအိမ်သစ်သို့ပြောင်းရွှေ့

2020-04-29 16:51:57 |သတင်းအရင်းအမြစ် ယူနန်နေ့စဉ်သတင်းစာ

ဧပြီလ ၂၈ ရက်နေ့မှာ ယူနန်ပြည်နယ် တောရိုင်းတိရိစ္ဆာန်ဥယျာဉ်ရှိ ပန်ဒါ မောင်ဇူနှင့် ဇင်တော (အထီး ၂ ကောင်)တို့သည် နေအိမ်အသစ်သို့ ပြောင်းရွှေ့သွားပြီး ခရီးသည်များနှင့် ထပ်မံတွေ့ဆုံကြပါသည်။



ပန်ဒါနေထိုင်မှုပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ရန်အတွက် ယူနန်ပြည်နယ် တောရိုင်းတိရိစ္ဆာန်ဥယျာဉ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်ပြုပြင်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အိမ်သစ်ပြန်လည်ပြုပြင်နေစဉ် မောင်ဇူနှင့် ဇင်တောသည် စစ်ချွမ်းပြည်နယ် ချင်တူးမြို့ ပန်ဒါမျိုးပွားသုတေသနအခြေစိုက်စခန်းသို့ သွားရောက်ပြီး ခေတ္တအနားယူကြပါသည်။

အဆင့်မြင့်တင်ပြုပြင်မွမ်းမံထားသော ပန်ဒါအိမ်သစ်သည် နှစ်ထပ်ရှိပြီး အတွင်း၌ မိုးလုံလေလုံအားကစာကွင်း ၂ ခု၊ အပြင်ဘက်၌ အားကစားကွင်း ၂ ခု၊ လှောင်အိမ် ၆ ခုနှင့် CCTV စောင့်ကြည့်စစ်ဆေးခန်း၊ ဆေးခန်း၊ အစာထုတ်လုပ်ခန်း စသည်တို့ ပါရှိသည်။ အပြင်ဘက်ဥယျာဉ်သည် ပန်ဒါတို့၏ တောရိုင်းပတ်ဝန်းကျင်ပုံစံအတိုင်း တည်ဆောက်ထားပါသည်။

သတင်းထောက် ။ ။ ဝမ်ဟွမ်း (ယူနန်နေ့စဉ်သတင်းစာ)

ဓာတ်ပုံ/ဗီဒီယို ။ ။ လီဝင်ကျွင်း (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006