COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသည် ပုံမှန်ကာကွယ်ထိန်းချုပ်ရေးအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ ကူမင်းမြို့သည်လည်း ပြန်လည်စည်ကားလာပါသည်။ စားကောင်းသောက်ဖွယ်၊ ပါတီလှုပ်ရှားမှု၊ ညဈေးများသည် ကူမင်းမြို့သူမြို့သားများအတွက် ရောင်စုံကြွယ်ဝသော ညဘဝကို ဖန်တီးပေးပါသည်။
စားကောင်းသောက်ဖွယ်များသည် ကူမင်းညဘဝ၏ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ကြွယ်ဝပြည့်စုံလှသော အရသာကို ခံစားပေါ်လွင်စေပါသည်။ ကူမင်းညပိုင်းအလှကို ရှုစားရန်၊ လည်ပတ်ရန် ဤဗီဒီယိုကို ကြည့်ရှုလိုက်ပါ။
နန်ချန်လမ်း ညဈေးသည် ကူမင်းမြို့ ဗဟိုတွင် တည်ရှိပြီး မာလာကျောက်ပုဇွန်၊ ရေဘဝဲလုံး၊ ဘီယာ၊ အသားကင် စသည့် စားကောင်းသောက်ဖွယ်များ အမျိုးအစားစုံလင်စွာ ရရှိနိုင်ပါသည်။
သို့တည်းမဟုတ် ဟွန်လွန်ရင်ပြင် အပေါ်ထပ်ဆုံးရှိ ပါတီလှုပ်ရှားမှုတွင် ပါဝင်နိုင်ပြီး သောကြာနေ့တိုင်း ပါတီလှုပ်ရှားမှုတစ်ခု ကျင်းပပါသည်။ အပေါ်ဆုံးထပ်မှ ကူမင်းညအလှကိုလည်း ရှုစားနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကူမင်းညအလှသည် မတူညီသော အံ့ဖွယ်ရသ ခံစားရရှိစေနိုင်ပါသည်။
သတင်းထောက် ။ ။ လီဇာ၊ ဟန်ချင်ယွမ်၊ လီဟွန်ချန် (YunnanGateway)
ဗီဒီယို ။ ။ လီဝမ်ကျွင်း (YunnanGateway)