“ညပိုင်းသင်ယူခြင်း”ဖြင့် ကူမင်းမြို့သည် ရောင်စုံလှပလာ

2020-07-03 16:54:24 |သတင်းအရင်းအမြစ် ယူနန်နေ့စဉ်သတင်းစာ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသည် ပုံမှန်ကာကွယ်ထိန်းချုပ်ရေးအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ ကူမင်းမြို့သည်လည်း ပြန်လည်စည်ကားလာပါသည်။ ညပိုင်းတွင် လူတစ်ချို့သည် စာဖတ်ဝိုင်း၊ သင်တန်း စသည့် လှုပ်ရှားမှုများ၌ ပါဝင်ပြီး အလုပ်ချိန်ပြင်ပနှင့် အိပ်ချိန်မှလွဲ၍ မိမိအတွက် ပညာသင်ယူခြင်းနှင့် မိမိကိုယ်ကိုမြှင့်တင်ခြင်းအတွက် အချိန်ကိုအသုံးချကြပါသည်။ သူတို့သည် စားပွဲတွင် စာရေးသားရန်၊ စဉ်းစားတွေးတောရန်၊ ဝါသနာနှင့်အတူ စီးမျောလိုကြသည်။ ညပိုင်းတွင် ပညာသင်ယူသူများဖြင့် ကူမင်းမြို့သည် ရောင်စုံလှပလာပါသည်။

ည ၈ နာရီတွင် ထွန်းလင်းတောက်ပနေသော ဆင်ဟွာစာအုပ်ဆိုင်၏ ရှီးချင်ရှီတိုက်ဆိုင်ခွဲသည် အနီးနားရှိ စာဖတ်သူများအတွက် ညစာစားပြီးနောက် ပထမဆုံးရွေးချယ်မှုနေရာ ဖြစ်လာပါသည်။ စာအုပ်ဆိုင်သည် ပြည်သူပြည်သားများအားလုံး စာဖတ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး အသက်အရွယ်မရွေး စာဖတ်သူများအတွက် အမျိုးအစား စုံလင်များပြားလှသော လှုပ်ရှားမှုမျိုးစုံကို ကျင်းပပေးကာ စာအုပ်အမွှေးရနံ့ဖြင့် ကူမင်းမြို့ကို ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာစေပါသည်။

ည ၇ နာရီမှ ၉ နာရီအထိ ကျုံးထျိန်ပညာရေး ယွီရှန်အနုပညာစင်တာသည် ကလေးများအတွက် ဂီတအနုပညာကို သင်ကြားပေးလျက်ရှိသည်။ အနားယူနေရာတွင် သက်တောင့်သက်သာပတ်ဝန်းကျင်ရှိပြီး ကလေးများ၏ ဂီတတင်ဆက်စွမ်းရည်ကို နားထောင်ရခြင်းသည် မိဘများအနေဖြင့် အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါသည်။ ကလေးများသည် စင်မြင့်ငယ်မှစ၍ မိမိ၏အိပ်မက် အကောင်အထည်ဖော်ရန် ကြိုးစားနေကြပါသည်။

ည ၇ နာရီတွင် တာ့ရှန့်စာအုပ်ဆိုင်ရှိ ညပိုင်း အခမဲ့ရုပ်ရှင်ပြပွဲကို အချိန်မှန် စတင်လိုက်ပါသည်။ လူများသည် မိမိဆန္ဒအရ ရုပ်ရှင်အခမဲ့ကြည့်နိုင်သည့်အပြင် စာအုပ်အသစ်မျှဝေပွဲ၊ စာဖတ်ဝိုင်း စသည့်လှုပ်ရှားမှုများတွင်လည်း ပါဝင်နိုင်ပါသည်။ တာ့ရှန့်စာအုပ်ဆိုင်သည် အိပ်မက်ဖမ်းသူများ၏ ခြေလှမ်းများကို ထွန်းလင်စေသော အလင်းတန်းတစ်ခု ဖြစ်နေပါသည်။

W မုန့်တိုက်တွင် ကိတ်မုန့်တစ်လုံးကို မိမိကိုယ်တိုင် လုပ်နိုင်ပြီး သွင်ပြင်မတူသော အရသာမတူသော ပေါင်မုန့်ကို ရရှိနိုင်ပါသည်။ ညတစ်ခုသည် အရသာကောင်းပြီး ရနံ့မွေးလှသော စားကောင်းသောက်ဖွယ်ကြောင့် မမေ့နိုင်သော ရောင်စုံပျော်ရွှင်ဖွယ်ည ဖြစ်လာပါသည်။ နာရီပိုင်းအတွင်း မိမိ၏ ချိုမြိန်သောအိပ်မက်ကို အကောင်အထည် ဖော်ဆောင်နိုင်ပါသည်။

သတင်းထောက် ။ ။ လီဟိန်ချန်၊ ယောင်ချင်ချင် (ယူနန်နေ့စဉ်သတင်းစာ)

ဗီဒီယို ။ ။ လီဝင်ကျွင်း (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006