ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ခြင်းကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်အတွက် ရွှေလီမြို့သည် စက်တင်ဘာလ ၁၄ ရက်နေ့ညပိုင်းတွင် သက်ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာချက်အရ ရွှေလီမြို့ပြတွင်နေထိုင်သော ပြည်သူပြည်သား အားလုံးသည် nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းကို ခံယူရမည်ဖြစ်သည်။ စက်တင်ဘာလ ၁၄ ရက်နေ့ ၂၂း၀၀ နာရီတိတိနောက်ပိုင်းမှစတင်ကာ မှစတင်ကာ ယာယီအားဖြင့် တစ်ပတ်တာကာလအတွင်း ထူးခြားသောအကြောင်းရင်းမရှိဘဲ ရွှေလီမြို့ပြင်ပသို့ ထွက်ရန် ခွင့်ပြုမည်မဟုတ်ပါ။ ထို့ပြင်၊ ရွှေလီမြို့သူမြို့သားအားလုံးသည် နေအိမ်တွင်အသွားအလာကန့်သတ်နေထိုင်ရန် home quarantine ဆောင်ရွက်ရမည် ဖြစ်သည်။
စက်တင်ဘာလ ၁၅ ရက်နေ့သည် ရွှေလီမြို့၏ အရေးပေါ်ဆောင်ရွက်ချက် အကောင်အထည် ဖော်ဆောင်သည့် ပထမနေ့ဖြစ်သည်။ ယခင်ကစည်ကားသည့်နယ်စပ်ဒေသမြို့ကလေးသည် ယနေ့တွင်မူ လမ်းမတိုင်း၌ လူသူရှင်းလင်းနေသည့်အခြေအနေ ဖြစ်နေပါသည်။
တစ်ခါတစ်ရံ နှာခေါင်းစည်းတပ်ဆင်ထားသည့် လူအချို့ သွားလာလှုပ်ရှားနေသည်ကို တွေ့နိုင်သည်။ ရွှေလီမြို့ အန်းရှင်းရပ်ကွက်၏ နေရာတစ်ခုတွင် ဆေးဘက်ပညာရှင်များသည် ၎င်းရပ်ကွက်အတွင်း နေထိုင်သူများအား လည်ချောင်းတို့ဖတ်ဓာတ်ခွဲနမူနာမှတစ်ဆင့် nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းကို ဆောင်ရွက်နေကြသည်။
记者 张莹琳 管毓树 李沛昀
视频 李沛昀