စက်တင်ဘာလ ၂၄ ရက်နေ့သည် ကျွန်တော်၏ ယူနန်ပြည်နယ်ဟုန်ဟော်ခရိုင်တွင် သတင်းရယူခြင်း ခရီးစဉ်၏ နောက်ဆုံးနေ့ဖြစ်သည်။
ထိုနေ့တွင် ကျွန်တော်သည် စောစီးစွာ အိပ်ရာထပြီး ခရိုင်ရုံးစိုက်မြို့နှင့် ၃၇ ကီလိုမီတာ ကွာဝေး သော ပေါင်ဟွာမြို့နယ်သို့ ကားတစ်စီးဖြင့် သွားရောက်လေ့လာခဲ့သည်။ ပေါင်ဟွာမြို့နယ်တွင် တရုတ် ပြည်၏ အကျယ်အဝန်းအကြီးမားဆုံးသော ဟာနီတိုင်းရင်းသားလှေကားထစ်စိုက်ခင်းဖြစ်သည့် ဆာမာပါ့ လှေကားထစ်စိုက်ခင်းရှိသည်။ ဆာမာပါ့လှေကားထစ်စိုက်ခင်းသည် တရုတ်ဧက သောင်းနှင့်ချီ ကျယ်ဝန်း ပြီး ရှုခင်းအလွန်ခန့်ညားလှပနေသည်။
ကျွန်တော်ရောက်သည့်အချိန်တွင် မိုးသဲသဲမဲမဲရွာနေပြီး မြူခိုးဖြူဖြူများကလည်း နေရာအနှံ့ ဖုံးနေ သည်။ လှေကားထစ်စိုက်ခင်းမြင်ကွင်းသည် မိုးရွာပြီး မြူဆိုင်းနေသောကြောင့် မှုန်ရီရီမှိုင်းညို့ညို့ ဖြစ်နေ သည်။
ထိုမြင်ကွင်းက အနည်းငယ်စိတ်ပျက်ခြင်းကို ခံစားမိရသော်လည်း ကျွန်တော်သည် အနီးဝန်းကျင် တွင် နေထိုင်သော ရွာသူရွာသားများကို ရိုသေစွာ သွားရောက်တွေ့ဆုံခဲ့ကာ သူတို့၏ တည်ငြိမ်အေးချမ်း သော ဘဝကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခံစားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မြူခိုးများ သည်လည်း တဖြည်းဖြည်းပျောက်သွားပြီး နောက်ဆုံးတွင် ကျွန်တော်သည် လှေကားထစ်စိုက်ခင်းကို ရှင်းရှင်းလင်းလင်း ရှုစားနိုင်ခဲ့သည်။
ကလေးတို့၏ စာဖတ်သံသည် လေသံမိုးသံနှင့်ရောပြီး နားထဲသို့ ဝင်ရောက်လာကာ မြင်ကွင်းရှေ့ရှိ လှေကားထစ်စိုက်ခင်းမြင်ကွင်းအလှကို ရှုစားနေရခြင်းသည် ကျွန်တော့်အတွက် တွေးနေမိသော ရိုမန်တစ်အရှိဆုံးအရာပင် ဖြစ်ပါတော့သည်။(Yunnan Gateway)