အဆွေတို့က အင်ကောင်နက်(Hermetia illucens)ကို တွေ့ဖူးပါသလား။ လူသားများအတွက် ဘယ်လိုအကျိုးဆောင်ပေးနိုင်သလဲဆိုတာကိုရော သိပါသလား။
စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ကျွန်တော်က ယူနန်ပြည်နယ် ဟုန်ဟော်ဟာနီ ယီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဟုန်ဟော်ခရိုင်အတွင်းရှိ တရုတ်သိပ္ပံနှင့်နည်းပညာ အကယ်ဒမီ ကူမင်းရုက္ခဗေဒသုတေသနဌာန စန်းသင့်ဝေ့လိုင်သုတေသနစင်တာသို့ သွားရောက်ခဲ့ပြီး အင်ကောင်နက်အကြောင်းကို လေ့လာခဲ့တယ်။
အဲဒီသုတေသနစင်တာရဲ့ လက်ထောက်တာဝန်ခံက ကျွန်တော့်ကို Hermetia illucens တွေက ဘယ်လိုအစာခြေလဲ၊ အစားအစာစွန့်ပစ်ပစ္စည်း ဘယ်လိုဖျက်သိမ်းသလဲ ဆိုတာကို မိတ်ဆက်ပေးခဲ့သလို တစ်ပြိုင်နက်တည်းမှာ ကြက်နဲ့ငါးစာအတွက် ကောင်းမွန်တဲ့ တိရစ္ဆာန်ပရိုတင်းအစာကို ဘယ်လို ထုတ်လုပ်သလဲ ဆိုတာကို ရှင်းပြပေးခဲ့တယ်။
အင်ကောင်နက်ရဲ့ ကောင်းမွန်တဲ့ ဖျက်သိမ်းရေးစွမ်းအားကြောင့် နောင်မှာ ကျွန်တော်တို့က အစားအစာစွန့်ပစ်ပစ္စည်းအတွက် စိတ်ပူစရာ မလိုအပ်တော့ပါဘူး။