ကူမင်းမြို့ရှိ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများသည် အွန်လိုင်းပညာရေးစနစ်ဖြင့် ပညာသင်ယူနေကြ

2020-02-28 18:01:42 |သတင်းအရင်းအမြစ် 昆明日报

နှစ်စဉ် ဖေဖော်ဝါရီလ လလယ်နှင့် နောက်ဆုံးပတ်တို့သည် တရုတ်နိုင်ငံ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများ၏ ကျောင်းဖွင့်ချိန်ဖြစ်ပါသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် ကျောင်း၌ပညာသင်ယူရန် မသင့်တော်ပေ။ ထို့ကြောင့် ကျောင်းဆရာဆရာမများ ကျောင်း၌ပညာသင်ပေးနိုင်ရန် လည်းကောင်း၊ ကျောင်းသူကျောင်းသားများ ကျောင်းတက်၍ ပညာသင်ယူနိုင်ရန်လည်းကောင်း မပြုလုပ်ကြပဲ လက်ရှိအချိန်တွင် ကူမင်းမြို့ရှိ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ထိန်းသိမ်းနေချိန်ကာလအတွင်း အွန်လိုင်းပညာရေးစနစ်ဖြင့် ပညာသင်ကြားသင်ယူမှုကို ဆောင်ရွက်လိုက်ကြောင်း သတင်းအရသိရပါသည်။

လက်ရှိအချန်တွင် ကူမင်းမြို့ ပညာရေးစီမံခန့်ခွဲရေးဌာနအသီးသီးသည် အွန်လိုင်းပညာသင်ကြားရေးဆိုင်ရာ စီမံကိန်းကို စီစဉ်ချမှတ်ထားပြီး မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတိုင်းသည်လည်း စာသင်ကျောင်းအခြေအနေနှင့် ကိုက်ညီသော အိမ်တွင်းစာသင်တန်းဇယားကို ချမှတ်ထားကာ သိပ္ပံနည်းကျ ကလေးဆိုင်ရာ ပညာသင်ယူခြင်း၊ နေထိုင်စားသောက်ခြင်း၊ ကျန်းမာလေ့ကျင့်ခြင်းကို ကျောင်းမတက်ပဲ သင်ယူလေ့လာနိုင်အောင် စီစဉ်ထားပါသည်။ စာသင်ကြားမှုများကို ရပ်တန့်ခြင်းမရှိပဲ ပုံမှန်အတိုင်း စီစဉ်သင်ကြားပေးနေခြင်းဖြစ်ပြီး ကျောင်းပြန်လည်ဖွင့်လှစ်ချိန်ထိ ပညာသင်ကြားမှုအဆက်မပြတ်စေရန် အွန်လိုင်းဖြင့်သင်ကြားပေးနေကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။ ရန်ရမ့်ဖိန်၊ ချင်လိ (ကူမင်းနေ့စဉ်သတင်းစာ)