ယူနန်ပြည်နယ်ရှိ လူသားနှင့်တိရစ္ဆာန်အကြားရှိ ပြေပြစ်သင့်မြတ်ခြင်းပုံပြင်များ

2020-03-06 18:46:51 |သတင်းအရင်းအမြစ် 云南日报

မတ်လ ၃ ရက်နေ့သည် သတ္တမအကြိမ်မြောက် “ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့” ဖြစ်ပြီး “တိရစ္ဆာန်၊ ရုက္ခပင်နိုင်ငံ”ဟု လှပသောအမည်တွင်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လူသားနှင့်တိရစ္ဆာန်အကြားရှိ ပြေပြစ်သင့်မြတ်ခြင်းပုံပြင်များစွာရှိပါသည်။

 

ယူနန် ရွှေခြည်မွေးမျောက်

“လတ်တလောရက်ပိုင်းတွင်ယူနန် ရွှေခြည်မွေးမျောက်ဆိုင်ရာ နေအိမ်ဖြစ်သည့်ရှန်ကူချင့် မျောက်အုပ်စုမှာ မျောက်ကလေး ၃ ကောင်မွေးတယ်။ ကျွန်တော်အရမ်းဝမ်းသာပါတယ်။”ဟု ယူနန်ပြည်နယ် ပိုင်မာနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးနေရာရှိ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးစခန်းမှူး လိုက်ကျန့်တုန်းက အဆိုပါသတင်းကောင်းကို မျှဝေပေးပါသည်။ ယူနန် ရွှေခြည်မွေးမျောက်၏ နေထိုင်မှုပတ်ဝန်းကျင်ကို မထိခိုက်စေရန် သူတို့သည် မျောက်ကလေးရှင်သန်ကြီးထွားချိန်ကို အနှောက်အယှက်မပေးပဲ အခြေအနေကြည့်ပြီး မျောက်ကလေးအတွက် အစာများထည့်ပေးသည်။

လက်ရှိအချိန်တွင် ဒေသခံများသည် သစ်တောကာကွယ်ရေး၊ မျောက်ကာကွယ်ရေးကို ကိုယ်ပိုင်အသိစိတ်ဖြင့် ဆောက်ရွက်လျက်ရှိကြသည်။ သစ်တောလွှမ်းခြုံနှုန်းမှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာရာ တောရိုင်းတိရစ္ဆာန်များစွာရှိလာပြီး သဘာဝပတ်ဝန်းကျင်လည်း ကောင်းမွန်လာပါသည်။


အာရှဆင်

ချင်ရှူးသည် ယူနန်ပြည်နယ် ကူမင်းမြို့သူတစ်ဦး ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်၊ ရုက္ခပင်များကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်နေသည်မှာ ၁၀ နှစ်ဝန်းကျင်ရှိနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် သူမသည် The Zoological Society of London ရှိ တစ်ဦးတည်းသော တရုတ်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်ပါသည်။

“ပထမဆုံးအကြိမ် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားကို ရောက်ရှိပြီး အာရှဆင်ကို စစ်ဆေးရာ ကျွန်မက ကင်မရာကို သီးခြားဝယ်ယူပြီး တောရိုင်းဆင်ကို ရိုက်ကူးချင်တယ်။ အဲဒီအချိန်မှာ လူတစ်ချို့က သစ်ပင်တက်တတ်လားလို့ ကျွန်မကို မေးတယ်။ ဆန်းကျယ်လိုက်တာလို့ ကျွန်မထင်ခဲ့တယ်။ နောက်ဆုံးမှာတော့ တောရိုင်းအာရှဆင်ရဲ့ ပင်ကိုယ်သဘောကဆိုးဝါးလှပြီး အနီးကပ်ရာမှာ အန္တရာယ်များစွာရှိပါကြောင်း၊ မှတ်တမ်းတင်ဇာတ်ကားလို လွယ်လွယ်ကူကူရိုက်ကူးကြခြင်းမဟုတ်ကြောင်း သိလာပါတယ်။”“တရုတ်နိုင်ငံက တောရိုင်းတိရစ္ဆာန်အရင်းအမြစ် များပြားကြွယ်ဝရှိပြီး တရုတ်နိုင်ငံအတွင်သာမက ကမ္ဘာအတွက်ပါ အရေးကြီးသော အဖိုးတန်ပစ္စည်းဖြစ်ပါတယ်။”ဟု ချင်ရှူးက ပြောပါသည်။


Chrysolophus amherstiae

၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖော် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ဓာတ်ပုံဆရာ ရန်ဘောင်းချင့်သည် မန်ရှိမြို့နယ်ရှိ ငှက်ကြည့်ရှုနေရာ၌ HD ကင်မရာဖြင့် တရုတ်နိုင်ငံ နိုင်ငံတော်ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်သော တိရစ္ဆာန်ဖြစ်သည့် Chrysolophus amherstiae ကို ဓာတ်ပုံရိုက်ပြီး တယ်ဟုန်ပြည်နယ်ခွဲအတွက် ရှားပါးလှသော ငှက်မှတ်တမ်းစာရင်းကို ထည့်သွင်းပေးပါသည်။

ရန်ဘောင်းချင့်နှင့် သူ့အဖော်များသည် Chrysolophus amherstiae ကို ဓာတ်ပုံရိုက်ကူးစဉ်ကတည်းက ဓာတ်ပုံရိုက်သော နေရာဖြစ်သည့် မန်ရှိမြို့နယ် ဟွေရှန်ကျေးရွာသည် ငှက်ကြည့်ရှုနေရာအနီးရှိ ဆိတ်ခြံတစ်ခုကို ချက်ချင်းရွှေ့ပြောင်းပေးပါသည်။ “ဆိတ်မွေးမြူရေးက ပတ်ဝန်းကျင်ရုက္ခပင်ကို ထိခိုက်နိုင်တယ်။ ရွာသူရွာသားများက ငှက်ကလေးများကို ကာကွယ်ထိန်းသိမ်းရေးမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ကြတယ်။ ကျွန်တော် အရမ်းဝမ်းသာရပါတယ်။”ဟု ရန်ဘောင်းချင့်က ပြောပါသည်။

ငှက်ဓာတ်ပုံရိုက်ခြင်းမှတဆင့် ငှက်ဓာတ်ပုံများကို ကြည့်ရှုရသောလူများစွာကို ငှက်ချစ်တတ်လာစေပြီး တောရိုင်းတိရစ္ဆာန်၊ ရုက္ခပင်ကာကွယ်ရေးတွင် ပါဝင်ဆေင်ရွက်လာကြပါသည်။ ဟွေရှန်ကျေးရွာရှိ ငှက်ကြည့်ရှုနေရာသည် ၂၀၁၈ ခုနှစ်တွင် ငှက်အမျိုး ၂၀သာ တွေ့ရှိပြီး လက်ရှိတွင် အမျိုး ၆၀ ထိ မြင်တွေ့လာရကြောင်း သတင်းအရသိရပါသည်။

သတင်းထောက်။ ။လျူဇီယွီ၊ ဝမ်ကျင့်ကျုံး၊ ဝမ်ဟွား (ယူနန်နေ့စဉ်သတင်းစာ)