လိကျန်းမြို့ရှိ ရှုခင်းသာရပ်ကွက်အချို့၌ “ပြည်နယ်အတွင်းခရီးသွားလုပ်ငန်း”ကို ပြန်လည်စတင်ရာ ခရီးသွားအဖွဲ့ ပထမအသုတ်ရောက်ရှိလာ

2020-03-25 17:00:18 |သတင်းအရင်းအမြစ် ဆင်ဟွာသတင်းဌာန

မတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်တွင် ခရီးသည် ၄၃ ဦးသည် ခရီးသွားဘစ်ကား ၂ စီးဖြင့် လိကျန်းရှေးဟောင်းမြို့မှ ယွိလုံနှင်းတောင်သို့ နေ့ချင်းပြန်ခရီးစဉ်ရောက်ရှိလာကြသည်။ အဆိုပါအဖွဲ့သည် လိကျန်းမြို့ရှိ ရှုခင်းသာရပ်ကွက်အချို့၌ “ပြည်နယ်အတွင်းခရီးသွားလုပ်ငန်း” ပြန်လည်စတင်ပြီးနောက် ရောက်ရှိလာသော ပထမဆုံး ခရီးသွားအဖွဲ့ဖြစ်သည်။


အဆိုပါနေ့ နံနက်ပိုင်းတွင် ခရီးသည် ၈၅ ဦးသည် လိကျန်းရှေးဟောင်းမြို့မှထွက်ခွာ၍ ယွိလုံနှင်းတောင်၊ လောင်ချွင်းတောင်၊ လီပင်ရှုခင်းသာရပ်ကွက်၊ လူကူးကန်တော်သို့ အလှည့်အပတ်ခရီးသွားရောက်ကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။ ဟယ်ဟုန်ရမ့်၊ လီနင် (ဆင်ဟွာသတင်းဌာန)