နွေဦးရာသီမှာ လိကျန်းသို့ အတူတူ သွားကြစို့

2020-04-20 17:47:29 |သတင်းအရင်းအမြစ် 新华网

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် တရုတ်နှစ်သစ်ကူးအချိန်ကာလတွင် လိကျန်းမြို့ရှိ ခရီးသွားလုပ်ငန်းများ ရပ်တန့်ခဲ့ရကြောင်း သတင်းအရသိရပါသည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်မှုတိုးတက်လာချိန်တွင် ယွိလွန်နှင်းထောင်၊ လိကျန်းရှေးဟောင်းမြို့၊ လူကူးကန်တော်၊ လောင်ကျွင်းထောင် စသည့် ရှုခင်းသာရပ်ကွက်များ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသည်များကို ကြိုဆိုဧည့်ခံနေပြီး ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာပါသည်။

ထို့အပြင် ရှုခင်းသာရပ်ကွက်သည်လည်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို စနစ်တကျ စီစဉ်လုပ်ဆောင်ပြီး ရှုခင်းသာရပ်ကွက်သို့ဝင်မည့် ခရီးသည်များ၊ အလုပ်ဝန်ထမ်းများသည် နှာခေါင်းစည်းတပ်ဆင်ရမည်။ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစစ်ဆေးရမည်။ ကျန်းမာရေး QR Code ကို စစ်ဆေးရမည်။ နေ့စဉ်နေ့တိုင်းတွင် ရှုခင်းသာရပ်ကွက်သည် အများသုံးနေရာနှင့် အဆောက်အဦးများအတွက် ပိုးသတ်ဆေးဖျန်းပါသည်။

လိကျန်းရှိ ရှုခင်းသာရပ်ကွက် ပြန်လည်ဖွင့်လှစ်ပြီးနောက် မတ်လ ၁၀ ရက်နေ့အထိ ဧည့်ခံပြုစုသော ခရီးသည်စုစုပေါင်းဦးရေမှာ ၂.၄၃ သိန်းရှိ၍ ဝင်ခွင့်လက်မှတ်ရောင်းရငွေမှာ တရုတ်ယွမ်ငွေ ၅.၁၇၂ သိန်း (၇၃၀၇၁ ဒေါ်လာ) ရှိကြောင်း စာရင်းအရ သိရပါသည်။

သတင်းထောက် ။ ။ ခိုင်းကျင့်၊ ဟေရမ့်ဟုန် (ဆင်ဟွာသတင်းဌာန)