ရှားရှီး ပိုင်တိုင်းရင်းသားစာအုပ်ဆိုင် စတင်စမ်းသပ်လည်ပတ်

2020-05-06 18:25:38 |သတင်းအရင်းအမြစ် ယူနန်ကွန်ရက်

တရုတ်နိုင်ငံ တာ့လီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ပေလွန်ကျေးရွာရှိ နန်ကျင်းရှန်းဖိန်းစာအုပ်ဆိုင်တွင် တရုတ်နိုင်ငံ၌ ၁၆ ခုမြောက်စာအုပ်ဆိုင်၊ ၅ ခုမြောက် ကျေးရွာစာအုပ်ဆိုင် ဖြစ်သော ရှားရှီးပိုင်တိုင်းရင်းသား စာအုပ်ဆိုင်သည် မေလ ၁ ရက်နေ့မှ စတင်ကာ စမ်းသပ်လည်ပတ်ခဲ့ကြောင်း သတင်းအရသိရပါသည်။

နန်ကျင်းရှန်းဖိန်းစာအုပ်ဆိုင်သည် ချန်ရှောင်ဟွာက ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ပြီး CNN မှ “တရုတ်နိုင်ငံရှိ အလှဆုံးစာအုပ်ဆိုင်”၊ BBC မှ “တစ်ကမ္ဘာလုံးရှိ အလှဆုံးစာအုပ်ဆိုင် ၁၀ ခု”၊ အမေရိကန်နိုင်ငံ“National Geographic” မှ “တစ်ကမ္ဘာလုံးရှိ အလှဆုံးစာအုပ်ဆိုင် ၁၀ ခု” စသည့်စာရင်းသို့ ဝင်ရောက်သော အာရှတိုက်ရှိ တစ်ခုတည်းသော စာအုပ်ဆိုင်ဖြစ်ပါသည်။ နှစ်ပေါင်း ၂၄ နှစ်တာကာလတွင် နန်ကျင်းရှန်းဖိန်း စာအုပ်ဆိုင်သည် တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ဆိုင်ခွဲဖွင့်လှစ်ပြီးနောက် ကျေးရွာဒေသသို့ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။

ရှန်းဖိန်း ရှားရှီးပိုင်တိုင်းရင်းသား စာအုပ်ဆိုင်အတွင်းတွင် ယူနန်ပြည်နယ်တွင် နေထိုင်သော၊ ယူနန်ဒေသခံဖြစ်သော အနုပညာရှင်၏ အနုပညာလက်ရာများရှိပြီး ပိုင်တိုင်းရင်းသားဆိုင်ရာ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့နှင့် သက်ဆိုင်သော စာအုပ်များလည်းရှိသည့်အပြင် အခြားသော တိုင်းရင်းသားလူမျိုးဆိုင်ရာ စာအုပ်များလည်း ပါရှိသဖြင့် ယူနန်ထူးခြားသည့် ဝိသေသလက္ခဏများ စုံစုံလင်လင် ရှိပါသည်။

သတင်းထောက် ။ ။လီရှီးလင်(ယူနန်ကွန်ရက်)