တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်လေးများ၏ နဂါးလှေပွဲတော်

2020-06-24 18:06:53 |သတင်းအရင်းအမြစ် ယူနန်နေ့စဉ်သတင်းစာ

ဇွန်လ ၂၃ ရက်နေ့က ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်မှဝန်ထမ်းများသည် တိရစ္ဆာန်လေးများအတွက် ကောက်ညှင်းထုတ် ထုပ်ပြီး ပျော်ရွှင်မှုကိုမျှဝေရန် နဂါးလှေပွဲတော်ကို ဆင်နွှဲကြပါသည်။

ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်သည် တိရစ္ဆာန်လေးများအတွက် နှစ်စဉ်နဂါးလှေပွဲတော်ကျင်းပပေးသည်။ ယခုနှစ်တွင် ကောက်ညှင်းထုတ် စီစဉ်ပေးသည့်အပြင် ပရိသတ်များအတွက် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်၍ ချစ်စရာကောင်းလှသော မြင်ကွင်းများကို မျှဝေပေးပြီး နဂါးလှေပွဲတော် အတူတကွ ပါဝင်ဆင်နွှဲကြကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။ လီဇား (ယူနန်နေ့စဉ်သတင်းစာ)
ဓာတ်ပုံ၊ ဗီဒီယို ။ ။ လီဇား (ယူနန်နေ့စဉ်သတင်းစာ)