ထိန်ချုံးမြို့ရှိ ဟော်ရွှင်ရှေးဟောင်းမြို့ငယ်၏ နွေရာသီရှုခင်း သာယာလှပနေ

2020-07-15 14:44:25 |သတင်းအရင်းအမြစ် 云南新闻网

တရုတ်-မြန်မာနယ်စပ်ဒေသ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးမြို့ရှိ ဟော်ရွှင်ဟု အမည်ပေးထားသည့် ရှေးဟောင်းမြို့ငယ်တစ်ခု ရှိပါသည်။ အဆိုပါရှေးဟောင်းမြို့သည် မီးတောင်ဒေသတွင် တည်ရှိသော်လည်း တရုတ်နိုင်ငံ ယန်စီမြစ်တောင်ဘက်ဒေသကဲ့သို့ မြစ်ချောင်းကလေးများသည် တံတားငယ်အောက်တွင် တသွင်သွင်စီးဆင်းနေပြီး တောင်တန်းလေးများ စိမ်းလန်းစိုပြေကာ လူသားများ တည်ငြိမ်အေးချမ်းစွာ နေထိုင်လျက် ရှိကြပါသည်။ ငြိမ်းအေးသာယာလှပါသည်။ ထို့ကြောင့်ပင် ဟော်ရွှင်သည် “တရုတ်နိုင်ငံ ထင်ရှားလှပသော ရှေ့ဟောင်းမြို့ ၁၀ ခု”အမည်စာရင်းတွင် ပါဝင်နေပါသည်။ ယခု ဟော်ရွှင်၏ နွေရာသီရှုခင်းအလှကို ကျွန်တော်တို့သတင်းထောက်နှင့်အတူ ခံစားကြည့်ရှုကြပါစို့။

(သတင်းအရင်းအမြစ်၊ ယူနန်သတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan Gateway)