ကူမင်းမြို့ တုန်နန်ပန်းဈေးတွင် ခရီးသွားဧည့်သည်များစည်ကားနေ

2020-08-11 14:38:15 |သတင်းအရင်းအမြစ် 云南日报

ယခုရက်ပိုင်းကာလတွင် ကူမင်းမြို့ ချိန်ကုန့်ရပ်ကွက်ရှိ တုန်နန်ပန်းဈေးသည် တရုတ်နိုင်ငံ ကွမ်တုံး၊ စီချွမ်း စသည့်ပြည်နယ်မှ ခရီးသည်များစွာကို ကြိုဆိုခဲ့ပြီး ပန်းရောင်းဝယ်မှုဈေးကွက်သည် သွက်လက် စည်ကားလှပါသည်။ အာရှတိုက်တွင် အကြီးဆုံးပန်းဈေးအနေဖြင့် သြဂုတ်လကစတင်၍ ပြည်နယ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ခွင့်ပြုခြင်းနှင့်အညီ တုန်နန်ပန်းဈေးသည် ခရီးသွားနေရာ တစ်နေရာအဖြစ် ရေပန်းစားလာပြီး နေ့စဉ် ခရီးသည် တစ်သောင်းခွဲခန့် ရောက်ရှိလည်ပတ်နေကြကြောင်း သတင်းအရ သိရပါသည်။