ယူနန်ပြည်နယ်သည် ကမ္ဘာ့ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုနေရာဖြစ်ရန် ကြိုးပမ်းဆောင်ရွက်နေ

2020-08-25 17:12:21 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်သည် ခေတ်သစ်ထုတ်လုပ်ရေးစနစ်တွင် ပါဝင်သော ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ အထူးသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ယူန် ပြည်နယ်သည် မကြာခင်က ထုတ်ပြန်ကြေ ညာခဲ့သော “ခေတ်သစ်ထုတ်လုပ်ရေးစနစ် အရှိန်မြှင့်တင် တည်ဆောက်ရေး ဆုံးဖြတ်ချက် (အောက်တွင် ဆုံးဖြတ်ချက် ဟု အတိုချုံးရေးသားသည်။)”ကို ပြည်သူပြည်သားများ နားလည်စေရန် ရှင်းပြပေးခဲ့သည်။ ဆုံးဖြတ်ချက်၌ လာမည့် ၂၀၂၅ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး စုစုပေါင်းဝင်ငွေသည် ၂ ထရီလီယံ ရောက်ရှိမည် ဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ်တွင် ၃.၅ ထရီလီယံကို ရောက်ရှိမည်ဖြစ်ကာ GDP ၏ ၁၂% ကို ရောက်ရှိမည်ဖြစ်သည်။ ၂၀၃၅ ခုနှစ်တွင် ယူနန်ပြည်နယ်သည် တရုတ်ပြည်၏ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုများ ရှေ့တန်းရောက်နေသော ပြည်နယ်၊ ကမ္ဘာပေါ်တွင် အရေးပါသော ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုနေရာတစ်ခုဖြစ်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်။

“ခရီးသွားလာရေး၏ အနှစ်သာရသစ်ကို ပေါကြွယ်ဝစွာဖော်ထုတ်ခြင်း”“ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်း သစ်ကို မွေးထုတ်ခြင်း”“ခရီးသွားလာရေးအားသာချက်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း” စသည့် အဓိကလုပ်ငန်းစဉ် ၃ ရပ်အား ယူနန်ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှု၏ အလေးထားဆောင်ရွက် ချက်များအဖြစ် ဆုံးဖြတ်ချက်တွင် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

အနာဂတ်တွင် ယူနန်ပြည်နယ်သည် အောက်ဖော်ပြပါ အချက် ၇ ချက်မှတစ်ဆင့် အောင်မြင်မှုရလဒ် သစ်ကို ဆွတ်ခူးရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။ ၎င်းတို့သည်--၁။ စမတ်ခရီးသွားလာရေးနယ်ပယ်တွင် “ဖုန်းတစ်လုံးဖြင့် ယူနန်လည်ပတ်ခြင်း”ပလက်ဖောင်းကို ပိုမို နက်ရှိုင်းစွာ ဝန်ဆောင်မှုမြှင့်တင်ဆောင်ရွက်မည်။၂။ ခရီးသွားလာရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင် ခရီးသွားလာရေးစံချိန်စံညွန်းစနစ် တည်ဆောက် ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်မည်။ ၃။ ခရီးသွားလာရေးနှင့် သက်ဆိုင်ရာလုပ်ငန်းများအကြား ပေါင်းစပ်ဖွံ့ဖြိုးခြင်းနှင့် ခရီးသွားလာရေး ထုတ်ကုန်အသစ်များကို ဖန်တီးအကောင်အထည်ဖော်ဆောင်ရွက်မည်။၎။ ဒေသတွင်း ခရီးသွားလာရေးပန်းတိုင်ကို တည်ဆောက်ပြီး ဒေသတွင်း ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုကို အားလုံးအတူတည်ဆောက်ခြင်း၊ အတူပေါင်းစပ်ဖွံ့ဖြိုးခြင်း၊ အတူမျှဝေခြင်း ဟူသော ဒေသတွင်းခရီးသွားလာရေးလုပ်ငန်း ပုံစံသစ်ကို ဆောင်ရွက်မည်။ ၅။ ဒေသတွင်း ခရီးသွားလာရေးစံပြဇုန်၊ အပန်းဖြေဇုန် စသည့် ခရီးသွားနေရာများကို တည်ဆောက် မည်။

၆။ အဓိကစီးပွားရေးလုပ်ငန်းအချို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့မည်။၇။ အိမ်နီးချင်းနိုင်ငံနှင့်ဒေသများအကြား ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်ရေးကို တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ပြီး သယံဇာတအတူမျှဝေခြင်း၊ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ခြင်း၊ ခရီးသည်များအပြန်အလှန်သွားလာခြင်း၊ ခရီးသွားဈေးကွက်တိုးချဲ့ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းမှတစ်ဆင့် ဒေသတစ်ခုလုံးအတွင်းရှိ ခရီးသွားနေရာများကို ချိတ်ဆက် လာစေပါ မည်။ ထို့ပြင်၊ ဈေးကွက်မြှင့်တင်မှုပုံစံကို အသစ်ဖန်တီးပြီး အွန်လိုင်းနှင့် မြေပြင်ဆောင်ရွက် ခြင်းကို အတူတကွဆောင်ရွက်မည်။ ယူနန်ပြည်နယ်၏ ခရီးသွားလာရေးအတိုင်းအတာကို ကျယ်ပြန့်လာ ရန် အဆက်မပြတ် တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်မည်။
(Yunnan Gateway)