ကူမင်းမြို့တွင် မြေအောက်ရထားအမှတ် ၄ နှင့် ၆ စတင်ပြေးဆွဲခဲ့ပြီး ချစ်စဖွယ်ရထားတွဲများသည် ခရီးသည်များ အရောက်သွားကြိုက်သည့်နေရာအဖြစ် ဆွဲဆောင်နေ

2020-09-25 16:20:49 |သတင်းအရင်းအမြစ် 昆明信息港、云报客户端

စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကူမင်းမြို့၌ မြေအောက်ရထား အမှတ် ၄ နှင့် ၆ စတင်ပြေးဆွဲခဲ့ပြီး ယနေ့ထိ ကူမင်းမြို့တွင် မြေအောက်ရထားလိုင်း စုစုပေါင်း ၅ လိုင်းဖွင့်လှစ်ခဲ့ကာ စုစုပေါင်းခရီးစဉ် အကွာအဝေးသည် ၁၄၀ ကီလိုမီတာကျော် ရှိလာပါသည်။

ထူးဆန်းလှပပြီး ချစ်စဖွယ်ကောင်းလှသော မြေအောက်ရထားအမှတ် ၄ သည် ပထမဆုံး လိုက်ပါ စီးဆင်းသူများအား ထူးဆန်းအံ့သြ ပျော်ရွှင်စေခဲ့ပါသည်။ မျှော်လင့်မထားသောအရာများကို အတူတူလေ့လာကြပါစို့။

မြေအောက်ရထားအမှတ် ၄ ၏ ရထားတွဲကို ကြွေကြောင်ရုပ်ကလေး အဓိကခေါင်းစဉ်ဖြင့် အလှဆင်ထားသည်။

ယူနန်ပြည်နယ်၏ ကြွေကြောင်ရုပ်သည် မူလက အိမ်ခေါင်မိုး၏ အလယ်ဗဟိုနေရာတွင် ထားရသော ကြွေပြားအဆင်တန်ဆာဖြစ်ပြီး ၎င်း၏ရုပ်ပုံသည် ကြောင်လေးနှင့်တူသောကြောင့် ကြွေကြောင်ရုပ်ဟု ခေါ်တွင်သည်။ ဒဏ္ဍာရီအဆိုအရ ကြွေကြောင်ရုပ်သည် သရဲတစ္ဆေများနှင့် မိစ္ဆာများ အားလုံးကို စားနိုင် သောကြောင့် နေအိမ်ကို တည်ငြိမ်အေးချမ်းစေသည်။ ပြည်သူပြည်သားများသည် ကြွေကြောင်ရုပ် များကို အိမ်ထုတ်တန်း၊ အိမ်ခေါင်မိုး သို့မဟုတ် တံခါးပေါ်တွင် ထားလေ့ရှိသည်။ နေအိမ်ကို ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းဓလေ့သည် ကူမင်းမြို့တွင်ရှိနေသည်မှာ နှစ်ပေါင်းရာချီရှိပြီဖြစ်သည်။

မြေအောက်ရထား အမှတ် ၆ တွင် “ယူနန်တွင် ဥဒေါင်း ပျံသန်း” ဟူသော အဓိကခေါင်းစဉ်ဖြင့် အလှဆင်ထားသည်။ သာယာလှပပြီး စိတ်ဝင်စားဖွယ်ကောင်းသော ပန်းချီကားများဖြင့် ပန်းမန် များဖြင့်ဝေဆာနေသည့်နွေဦးမြို့တော်၊ ရှည်လျားသောသမိုင်းဝင်ယဉ်ကျေးမှုမြို့တော်၊ တရုတ် ကျန်းမာရေးမြို့တော် စသည့် ပုံရိပ်များကို ဖော်ကျူးထားသည်။ (文:昆明信息港、云报客户端综合,翻译:Yunnan Gateway)