တရုတ်နိုင်ငံ ကန်းစုပြည်နယ်ရှိ မိုင်ကျီးဆန်းတောင်နံရံပေါ်က ရှေးယဉ်ကျေးမှုအမွေအနှစ် လက်ရာများစွာ တည်ရှိရာ ကျောက်လိုဏ်ဂူများ

2020-12-07 17:49:32 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းဆွေမြို့ မိုင်ကျီးဒေသတွင် တည်ရှိသော မိုင်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူသည် နိုင်ငံအတွင်းရှိ ကျောက်လိုဏ်ဂူအစုအဖွဲ့ကြီး ၄ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။

မို

မိုင်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူတွင် လက်ရှိ ထိန်းသိမ်းထားနိုင်သော လိုဏ်ဂူအပေါက် ၂၂၁ ခု ရှိပြီး ၎င်းတို့တွင် လက်ရာပြောင်မြောက်လှပသည့် ပန်းပု အနုပညာလက်ရာများ၊ တစ်မူထူးခြားဆန်းကျယ် လှသည့် ရောင်စုံနံရံဆေးရေးပန်းချီများ၊ ကျောက်ဆောင်စွန်ဖျားအဆောက်အဦပုံစံအမျိုးမျိုး တည်ရှိလျက်ရာ တရုတ်နိုင်ငံ၏ ကျောက်လိုဏ်ဂူ ရှေးယဉ်‌ကျေးမှုအမွေအနှစ်လက်ရာ ကိုယ်စားပြု နေရာတစ်ခုဖြစ်သလို ရှေးခေတ်ပိုးလမ်းမကြီး၏ ယဉ်ကျေးမှုပြန့်ပွားရာ အရေးကြီးအစိတ်အပိုင်း
တစ်ခုလည်း ဖြစ်ပါသည်။ (Xinhua)