တရုတ်မင်းသားချော Xiao Zhan သည် အရှေ့တောင်အာရှတွင် လူကြိုက်များနေပြီးသူသရုပ်ဆောင်သော“The Wolf”ဇာတ်ကားရေပန်းစားနေ

2020-12-23 17:30:50 |သတင်းအရင်းအမြစ် 云桥网(整合)

တရုတ်နိုင်ငံမှ မင်းသားချော Xiao Zhan သည် ကမ္ဘာတစ်လွှားကအခန့်ညားဆုံးအမျိုးသား ၁၀၀ ဦးအနက် နံပါတ်တစ်နေရာဆုတ်ဆူးရရှိကြောင်း《TOP BEAUTY WORLD》မှ မကြာမီရက်ပိုင်းကထုတ်ပြန်ကြေညာကြောင်းသိရပါသည်။

Xiao Zhan သည် ၁၉၉၁ ခုနှစ်တွင် တရုတ်နိုင်ငံချုံချင့်မြို့၌မွေးဖွားသည်။ ၂၀၁၅ ခုနှစ်တွင် သူသည် ပြိုင်ပွဲလက်ရွေးစင်အဖြစ် တရုတ်နိုင်ငံကျက်ကျန်းအသံလွှင့်နှင့်ရုပ်မြင်သံကြားဌာန၏ ဖျော်ဖြေမှုအစီအစဉ် “X-Fire”တွင် ပါဝင်ရာမှ ပရိသတ်များ၏ မြင်ကွင်းသို့ ရောက်ရှိခဲ့သည်။ သို့သော် သူ့အားအမှန် တကယ် လူသိများလာစေခြင်းသည် ၂၀၁၉ ခုနှစ် ပြသခဲ့သော“The Untamed”ဇာတ်ကားကြောင့်ဖြစ် သည်။ ၎င်းဇာတ်ကားသည် တရုတ်ရှေးခေတ်နောက်ခံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ Xiao Zhan သရုပ်ဆောင်သော Wei Wuxian နှင့် ငယ်စဉ်ကအတူတူပညာလေ့လာခဲ့သော Lan Wangjiတို့နှစ်ဦးသည် တူညီသောကမ္ဘာ့အမြင်၊ လက်ရည်တူထူးချွန်သောကွန်ဖူးသိုင်းပညာကြောင့် အရင်းနှီးဆုံးမိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ထိုစဉ်ကမိသားစုကြီး ၅ ခုရှိပြီး ၎င်းမိသားစုကြီး ၅ ခုအနက် တစ်ခုသည် အခြားသော ၄ ခုကို ကျူးကျော်ခဲ့ပါသည်။ Wei Wuxianသည် အဆိုပါ ကျူးကျော်သူ၏ကောက်ကျစ်မှုကြောင့် သေဆုံးခဲ့ပါသည်။ ၁၆ နှစ်ကြာပြီးနောက် သူသည် အသက်ပြန်ရှင်လာပြီး Lan Wangji နှင့်အတူလွန်ခဲ့သော ၁၆ နှစ်ကဖြစ်ပွားခဲ့သည့် အမှန်တရားကိုရှာဖွေခဲ့ပါသည်။

Xiao Zhan သရုပ်ဆောင်သော Wei Wuxian ၏ရုပ်သွင်ပြင်မှာအလွန်ခန့်ညားချောမောပြီးစိတ် သဘောထားကောင်းသကဲ့သို့ အပူအပင်ကင်းကာယဉ်ကျေးသိမ်မွေ့သည်။ ထို့ကြောင့် တရုတ် ပြည်တွင်း၌ ဖြစ်စေ၊ နိုင်ငံခြားအထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ၌ဖြစ်စေပရိသတ် အများအပြား၏ နှစ်သက်မှုကိုရရှိခဲ့ပါသည်။

ယခုရက်ပိုင်းတွင် “The Wolf”ဇာတ်လမ်းသည် အွန်လိုင်းတွင် ခေတ်စားနေပါသည်။ Xiao Zhan သည် ၎င်းဇာတ်လမ်းတွင် ဒုတိယခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပါသည်။ သူသရုပ်ဆောင်သောအမျိုးသား Ji Chong သည် သူ့ကို နှစ်သက်သောပရိသတ်များအားထပ်မံပြီးအံ့အားသင့်စေကာစိတ်တက်ကြွလာစေခဲ့သည်။ Ji Chong သည် အစိုးရအတွက် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးပေးပြီးချီးမြင့်ငွေကိုရရှိခြင်းဖြင့် အသက်မွေးသည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ပင် အလွန်ခန့်ညားချောမောသည့်အပြင် သူ့၏ အပြုံးသည် ပရိသတ်များ၏ မျက်စိကိုဖမ်းစား နိုင်ခဲ့ပါသည်။ Ji Chong သည် အမျိုးသမီးတစ်ဦးကိုအလွန်ချစ်ခဲ့ပြီးသူမအတွက် ကိုယ်ကျိုးလုံးဝမဖက်ဘဲစောင့်ရှောက်ခဲ့ပါသည်။ သို့ရာတွင် နှမျောဖွယ်ကောင်းသည်မှာ ၎င်းအမျိုးသမီး၏ချစ်ခြင်းကိုမရရှိခဲ့ပါ။ အဆိုပါဇာတ်လမ်းသည် အမျိုးသမီးပရိသတ်များစွာကိုစိတ်ထိခိုက်ဝမ်းနည်းစေခဲ့သည်။ သို့ရာတွင် နောက်ဆုံး၌ Ji Chong က သူ့ကိုအလွန်ချစ်မြတ်နိုးသည့်အမျိုးသမီးတစ်ဦးနှင့် ရေစက်ဆုံခဲ့ပါသည်။

ပရိသတ်များရှေ့မှောက်သို့ ပထမအကြိမ် ရောက်ရှိသည်မှ ယခုအချိန်အထိ Xiao Zhan ၏ သရုပ်ဆောင် စွမ်းရည် အဆက်မပြတ်တိုးတက်နေပြီးသူ့ကို နှစ်သက်သည့် ပရိသတ်များကသူ့အတွက် မျှော်လင့်ထား ကြသည်မှာ“Xiao Zhanကပိုများတဲ့ဇာတ်လမ်းတွေမှာသရုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ ”