တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ တိုင်းပြည်ကို အုပ်ချုပ်‌‌ရေးနည်းဗျူဟာမှတ်တမ်းရုပ်ရှင်အား ထုတ်လွှင့်ပြသမည့်အခမ်းအနားကျင်းပ

2020-01-17 16:04:00 |သတင်းအရင်းအမြစ် 《吉祥》杂志

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်၏ တိုင်းပြည်ကို အုပ်ချုပ်ရေးနည်းဗျူဟာမှတ်တမ်းရုပ်ရှင်အား ထုတ်လွှင့်ပြသမည့် အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံ တော်ကောင်စီသတင်းပြန်ကြားရေးရုံး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဦးစီးကျင်းပတာဖြစ်ပြီး၊ လက်ခံကျင်းပသူများအဖြစ် တရုတ်ပြည်ဝူကျိုးသတင်းဖြန့်ချီရေးစင်တာ၊ တရုတ်ပြည်ယူနန်ပြည်နယ်အသံလွှင့်နှင့်ရုပ် မြင်သံကြားဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ SkyNet ရုပ်သံတို့ ပူးပေါင်းစီစဉ်ကျင်းပတာဖြစ်ကြောင်းသိရသည်။

အခမ်းအနားတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန်ရှိသူများက အသီးသီးအမှာစကားပြောကြားခဲ့ပြီး ရွှေသံလွင်မီဒီယာ ၏ ဥက္ကဋ္ဌ ဦးကျော်ဝင်းက Sky Net ရုပ်သံမှာ ထုတ်လွှင့်မှုနဲ့ပတ်သက်၍ ပြောကြားရာတွင် ဒီမှတ်တမ်းရုပ်ရှင်ဟာ Discovery မှာ ဂျပန် ၊ ကိုရီးယား၊ သြစတေးလျ အစရှိတဲ့ နိုင်ငံ ၃၇ နိုင်ငံမှာ ပြသသွားတာကို သိရပြီး မြန်မာနိုင်ငံမှာလည်း ထုတ်လွှင့် ပြသခွင့်ရတဲ့အတွက် မြန်မာနိုင်ငံမှ ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် အတုယူစရာတွေကို အတုယူဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

MRTV ရုပ်မြင်သံကြားဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ထွန်းက အခုလိုမျိုးတရုတ် - မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်မှာ တရုတ်နိုင်ငံသမ္မတကြီးရှီကျင့်ဖိန်ရဲ့ တိုင်းပြည်အုပ်ချုပ်တဲ့နည်းဗျူဟာမှတ်တမ်းရုပ်သံကို ပြသခြင်းဟာ မြန်မာနိုင်ငံအတွင်းက ရုပ်သံကြည့်ရှုသူပြည်သူတွေအနေနဲ့လေ့လာမှတ်သားခွင့်ရမယ် ဗဟုသုတတွေအများကြီးရနိုင်မှာဖြစ်ပါတယ်။ လူဦးရေသန်းပေါင်းများစွာကို အုပ်ချုပ်နေတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကိုလည်း သိရှိခံစားရမှာဖြစ်သလို အတုယူလိုက်နာသင့်တာတွေကိုလည်း အတုယူပြီး ကိုယ့်လူမျိုးကိုယ့်တိုင်းပြည်အတွက် ဘယ်လိုအကျိုးဆောင်သင့်သလည်း ဆိုတဲ့အသိအမြင်တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက်လည်း ဒီမှတ်တမ်းရုပ်ရှင်ဟာ အကျိုးရှိတဲ့အတွက် ပြည်သူများကြိုက်နှစ်သက်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်ဟု တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ တိုင်းပြည်ကို အုပ်ချုပ်‌‌ရေးနည်းဗျူဟာမှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ပြသခြင်းအပေါ် ပြောသည်။

သမ္မတကြီးရှီကျင့်ပင်ရဲ့ တိုင်းပြည်အုပ်ချုပ်ရေးနည်းဗျူဟာ မှတ်တမ်းရုပ်ရှင်ကို မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသတဲ့အတွက် အတုယူစရာတွေအများကြီးရှိတယ်ပေါ့နော်။ အဲ့မှတ်တမ်းရုပ်ရှင်ကနေတဆင့် ကိုယ့်တိုင်းပြည်နဲ့ သင့်တော်တဲ့ အဆင်ပြေတဲ့ နည်းလမ်းတွေကို အတုယူသင့်တာကို အတုယူပြီး လိုက်နာကျင့်သုံးဖို့လည်း လိုတယ်ပေါ့နော်။ သမ္မတကြီးရှီကျင့်ဖိန်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့အပေါ် ဝမ်းသာအားရလည်းကြိုဆိုပါတယ်ဟု မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ဆိုသည်။

ယင်းမှတ်တမ်းရုပ်ရှင်ကို Sky net ရုပ်သံလိုင်းများတွင် မြန်မာဘာသာဖြင့်၂၀၂၀ ခုနှစ်ဇန်နဝါရီလ ၁၆ ရက်နေ့ကစတင်ကာ အပိုင်း၃ပိုင်းခွဲ၍ ထုတ်လွှင့်ပြသနေကြောင်းသိရပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)တွင်လည်း ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းသိရသည်။

သတင်းထောက်။ ။ဇော်ရဲအောင်(“မင်္ဂလာ”မဂ္ဂဇင်း)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006