တရုတ် - မြန်မာ ပူးတွဲထုတ်လုပ်သည့် Beautiful Myanmar ခေါင်းစဉ်ဖြင့် မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ခြင်း အခမ်းအနား နေပြည်တော်တွင် ကျင်းပ

2020-01-19 17:18:16 |သတင်းအရင်းအမြစ် 《吉祥》杂志

တရုတ် နိုင်ငံ ယူနန်မီဒီ ယာဂရုနှင့် မြန်မာနိုင်ငံ YTV ရုပ်သံလိုင်းတို့ ပူးပေါင်းရိုက်ကူးထုတ်လုပ်သည့် Beautiful Myanmar မှတ်တမ်းရုပ်ရှင် စတင်ထုတ်လွှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့က နေပြည်တော်ရှိ Kempinski Hotel မှာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို အခမ်းအနားသို့ Deputy Minister of Publicity Department of CPC Central Committee, Director General of China NRTA မစ္စတာ ညက်ချန်ရှီ၊ Director of International Cooperation Department of China NRTA မစ္စ မာလိနှင့် ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့် အဆင့်မြင့်အရာရှိများ President of Yunnan Media Grup မှ ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများနှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် ယင်းဇာတ်ကားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် YTV မှာ ထုတ်လွှင့်သည်နှင့်တပြိုင်နက် တရုတ် Yunnan TV စသည့် TV Chanel များမှာလည်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ သန်းပေါင်းထောင်သောင်းရှိ တရုတ်ပရိသတ်များကလည်း မြန်မာပရိသတ်တွေနဲ့အတူ ဒီဇာတ်ကားမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ တောတောင်ရေမြေသဘာဝရှုခင်းအလှနဲ့ယဉ်ကျေးမှုအနေအထား၊ လေးနက်သောတရုတ်-မြန်မာ ချစ်ကြည်ရေးကိုလည်း ကြည့်ရှုခံစားနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Beautiful Myanmar မှတ်တမ်းရုပ်ရှင်သည် ၆ လတာကြာမြင့်အထိ မြန်မာနိုင်ငံအတွင်းရှိ ဒေသများမှ လေ့ပုံရိပ်များနှင့် လှပသော တောတောင်‌ရေမြေရှုခင်းများ လူနေမှုဘဝများကို တရုတ်-မြန်မာနှစ်နိုင်ငံမှ ရင်ဘက်ချင်းနီးကပ်စွာ ပူးပေါင်းသွားရောက်ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ YTV ရုပ်သံလိုင်း၏ CEO ဖြစ်သူ မနန်းစောထွေးက Beautiful Myanmar မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖြစ်ပုံကို Yunnan Gateway ကို ပြောပြသည်။ ကျွန်မအနေနဲ့အဓိကယူနန်နဲ့ ပူးပေါင်းရိုက်ကူးဖြစ်တာက မြန်မာနိုင်ငံရဲ့တောတောင်ရေ‌မြေသဘာဝအလှအပနဲ့ ဓလေ့ထုံးတမ်းတွေက ကမ္ဘာပေါ်မှာ ထူးခြားမှုရှိတယ်ပေါ့နော်။ အဲ့တာကြောင့် ကမ္ဘာပေါ်ကသူတွေသိရှိအောင် မီဒီယာမှာလည်း တာဝန်ရှိတယ်လို့ ခံစားမိလို့ နိုင်ငံအတွက်လည်း ဂုဏ်ဆောင်နိုင်မယ့် ပရိုဂရမ်တွေကို စဉ်းစားရင်း Beautiful Myanmar ဆိုပြီး ပူးပေါင်းဆောင်ရွက်ဖြစ်တာပါ။ ဒီမှတ်တမ်းက တရုတ်နိုင်ငံက ရုပ်သံလိုင်းတွေမှာ၂၀၁၈ ခုနှစ် ဩဂုတ်လပိုင်းမှာ စတင်ပြသခဲ့ပါတယ်။ တရုတ်ပြည်သူတွေရဲ့ အားပေးနှစ်ခြိုက်မှုတွေကိုလည်း များစွာရရှိပြီး တရုတ်ခရီးသွားတွေကိုလည်း ဒီမှတ်တမ်းရုပ်ရှင်ကနေ ဆွဲဆောင်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်ဟု သူမက ပြောသည်။

မြန်မာနိုင်ငံက အရမ်းကို လှပပါတယ်။ ရိုက်ကူးရေးဆောင်ရွက်တဲ့အခါမှာလည်း မြန်မာပြည်သူတွေက အရမ်းကို ဖြူစင်ရိုးသားဖော်ရွေပြီး အပြုံးမျက်နှာတွေနဲ့ရင်ထဲထိ နွေးထွေးမှုတွေကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။ ကျွန်မတို့ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုအနေနဲ့လှပတဲ့ တရုတ်နိုင်ငံကိုလည်း မြန်မာနိုင်ငံက သရုပ်ဆောင်တွေကို ခေါ်ယူပြီး Mingalar China ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့လည်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့လှပမှုတွေကိုလည်း တရုတ်ပြည်သူ‌တွေကို ဆက်လက်ချပြဖို့ရှိသေးပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်ပေမယ့်လည်း တရုတ် - တွေ အချင်းချင်းသိရှိနားလည်ဖို့ အများကြီးလိုအပ်ပါတယ်ဟု ယူနန်မီဒီယာဂရုမှ ထုတ်လုပ်ရေးမှူး Miss Hai Yun က ဆိုသည်။

ယင်းမှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာချုပ်အဖြစ်ပါဝင်ရိုက်ကူးခဲ့သူ Zhou Weiping ကတော့ သူ့အနေနဲ့ မှတ်တမ်းရုပ်ရှင်အများအပြားကို ရိုက်ကူး‌‌နေသူဖြစ်တဲ့အတွက် ဒေသအခက်အခဲတွေမရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်ရိုက်ကူးရာမှာ ဘာသာစကားအခက်အခဲရှိပေမယ့် ပူးတွဲလုပ်ဆောင်ရတဲ့အတွက် အမူအယာပြတာနဲ့တင်တစ်ယောက်အပေါ် တစ်ယောက်နားလည်သိရှိမူ မြန်ဆန်လာပြီး ရိုက်ကူးမှုအပိုင်းမှာ အခက်အခဲတွေမရှိဘူးလို့ ၎င်း၏ နှစ်နိုင်ငံပူး‌ပေါင်းရိုက်ကူးမှုအတွေ့အကြုံကို မီဒီယာတွေပြောပြသည်။

Beautiful Myanmar ရုပ်ရှင်မှတ်တမ်းကို YTV ရုပ်သံလိုင်းတွင် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ အပိုင်း ၄ ပိုင်းခွဲကာ ပြသသွားမည်ဖြစ်သည့်အပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်လည်း ပြသဖို့စီစဉ်သွားမည်ဖြစ်သည်။ မှတ်တမ်းရုပ်ရှင်၏ ကြာချိန်သည် မိနစ်ပေါင်း ၁၂၀ မိနစ်ရှိပြီး တစ်ပိုင်းလျှင် ၃၀ မိနစ်ရှိကြောင်းသိရသည်။

သတင်းထောက်။ ။ ဇော်ရဲအောင်(“မင်္ဂလာ”မဂ္ဂဇင်း)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006