မြန်မာကလေးများသည် နွေဦးမြို့တွင် ဘဝအသစ်ရရှိ

2020-01-20 17:59:10 |သတင်းအရင်းအမြစ် 云南日报

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အသက် ၆ နှစ်ရှိ မြန်မာကလေးမောင်ဘုန်းတော်လင်းသည် မွေးရာပါနှလုံးရောဂါကုသမှု ခံယူပြီးစီးခဲ့ပြီး မိခင်အနားတွင် ကစားစရာများနှင့် ပျော်ရွှင်စွာ ကစားနေပါသည်။ မြန်မာနိုင်ငံမှ အခြားသော မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ် ၁၄ ဦးကဲ့သို့ “ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များ ကုသပေးသည့်လှုပ်ရှားမှု” စီမံကိန်းမှ နှလုံးကျန်းမာရေးကောင်းမွန်လာကာ ဘဝအသစ်တဖန်ရရှိသောကလေးငယ် ဖြစ်ပါသည်။ သူတို့သည် ယူနန်ပြည်နယ်ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာကြပါသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် များပြားလာသော မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များသည် ယူနန်ပြည်နယ်တွင် အခမဲ့စေတနာဖြင့် မွေးရာပါနှလုံးရောဂါကုသခြင်း ခံယူခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံမှ ဖွဲ့စည်းထားသော ဆေးကုသရေးအဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်ရန်ကင်းကလေးဆေးရုံသို့ သွားရောက်၍ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ် ၅၈ ဦးကို ရောဂါရှာဖွေစစ်ဆေးကာ ကလေးငယ် ၁၅ ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ အောင်မြင်စွာ ကုသပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ အောင်မြင်စွာ ကုသမှုခံယူပြီးသော မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်ဦးရေသည် ၂၃ ဦးထိ ရောက်ရှိလာပါသည်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းတွင် မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များသည်လည်း တစ်သုပ်ပြီးတစ်သုပ် ကူမင်းမြို့ကို သွားရောက်ပြီး တရုတ်နိုင်ငံမှ အခမဲ့စေတနာဖြင့် မွေးရာပါနှလုံးရောဂါကုသခြင်းကို ခံယူကြမည်ဖြစ်သည်။

သတင်းထောက် ။ ။ဝမ်ဟွမ်း (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006