ယူနန်ပြည်နယ်မှ ပဉ္စမအသုတ် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် ကူမင်းမြို့မှ ဟူပေပြည်နယ်သို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထွက်ခွာသွားကြောင်းသတင်းအရသိရပါသည်။
အဆိုပါအဖွဲ့တွင် ယူနန်ပြည်နယ်ကျန်းမာရေးကော်မတီမှ ၂ ဦး၊ ယူနန်ပြည်နယ် ပြည်သူ့ဆေးရုံအမှတ်(၁)၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေးဆေးရုံစသည့် ဆေးရုံ ၂ ခုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀၆ ဦးစုစုပေါင်း ၁၀၈ ဦးပါဝင်ပြီးယခုအချိန်ထိယူနန်ပြည်နယ်မှ ဟူပေပြည်နယ်သို့ စေလွှတ်သောထောက်ပံ့ကူညီရေးဆေးဘက်ဆိုင်ရာဝန်ထမ်း ၈၀၉ ဦးရှိပြီဖြစ်ကြောင်းသတင်းအရသိရပါသည်။
သတင်းထောက် ။ ။တန်ရှောင်ဖေ၊ လီချိုးမင် (ယူနန်နေ့စဉ်သတင်းစာ)