ဧပြီလ ၁ ရက်နေ့တွင် ယူနန်ပြည်နယ်၌ ပြည်ပမှ ပြန်လာသူထံမှ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်တစ်ဦး၊ ရောဂါလက္ခဏမပြသော ကူးစက်လူနာတစ်ဦး စစ်ဆေးတွေ့ရှိ

2020-04-02 16:50:18 |သတင်းအရင်းအမြစ် ယူနန်ပြည်နယ် အမျိုးသားကျန်းမာရေးကော်မရှင်

ယူနန်ပြည်နယ် အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ဧပြီလ ၁ ရက်နေ့တွင် ယူနန်ပြည်နယ်၌ ပြည်ပမှပြန်လာသူတစ်ဦး (ဗြိတိန်နိုင်ငံမှ ပြန်လာသော တရုတ်နိုင်ငံသား)ထံမှ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း၊ ရောဂါလက္ခဏမပြသော ကူးစက်လူနာတစ်ဦး (မြန်မာနိုင်ငံမှ ပြန်လာသော တရုတ်နိုင်ငံသား) စစ်ဆေးတွေ့ရှိကြောင်း သိရပါသည်။

ဧပြီလ ၁ ရက်နေ့အထိ ယူနန်ပြည်နယ်တွင် ပြည်ပမှပြန်လာသူထံမှ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ၉ ဦး (တရုတ်နိုင်ငံသား ၇ ဦး အပါအဝင်) ရှိပြီး ရောဂါလက္ခဏမပြသော ကူးစက်လူနာ ၄ ဦး (တရုတ်နိုင်ငံသား ၃ ဦး အပါအဝင်) ရှိကြောင်း သတင်းအရသိရပါသည်။

သတင်းအရင်းအမြစ် ။ ။ ယူနန်ပြည်နယ် အမျိုးသားကျန်းမာရေးကော်မရှင်

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006