ရှီကျင့်ဖိန် ကျဲ့ကျန်းပြည်နယ်သို့ စစ်ဆေးကြည့်ရှု၊ တရုတ်စီးပွားရေး လည်ပတ်မှု အရှိန်မြင့် ပုံမှန်ပြန်ဖြစ်လာ

2020-04-02 17:44:10 |သတင်းအရင်းအမြစ် CRI

မကြာခင်က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကျဲ့ကျန်းပြည်နယ်သို့ သွားရောက် စစ်ဆေးကြည့်ရှု လေ့လာခဲ့ကြောင်း၊ ကျဲ့ကျန်းပြည်နယ်သည် တရုတ် ပုဂ္ဂလိက စီးပွားရေး ရှင်သန်မှု အများဆုံးသော ဒေသ ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်၏ ယခုအကြိမ် စစ်ဆေးကြည့်ရှုခြင်းသည် တရုတ်ပြည် အနေနှင့် COVID-19 ရောဂါ ခုခံထိန်းချုပ်ရေး လုပ်ငန်းကို မလျှော့သည့် ဇွဲဖြင့် ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် နေထိုင်မှုနှင့် ကုန်ထုတ်လုပ်မှု အရှိန်မြှင့် ပုံမှန်ပြန်ဖြစ်စေကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အမြန်ဆုံး ပုံမှန်ပြန်ဖြစ်စေရန် တွန်းအားပေးနေသည့် ရှင်းလင်းပြတ်သားသော အချက်ပြလိုက်ခြင်းပင် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

မတ်လ ၂၆ရက်နေ့က COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းရေး ဆိုင်ရာ G20ထိပ်သီး အထူး အစည်းအဝေးတွင် ရှီကျင့်ဖိန်က ကမ္ဘာတစ်ဝန်း လုပ်ငန်းနှင့် ထောက်ပံ့ရေး ကွင်းကြိုး၏ တည်ငြိမ်မှုကို အတူ ထိန်းသိမ်းကာကွယ်ကြမည်ဟု ဖော်ပြခဲ့ကြောင်း၊ မတ်လ ၂၇ရက်နေ့က ရှီကျင့်ဖိန်က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဦးစီးကျင်းပရာတွင် နိုင်ငံတကာ ကုန်စည် သယ်ယူပို့ဆောင်မှု ထောက်ပံ့ရေး စနစ် တည်ဆောက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရမည်ဟု ပြောကြားကြောင်း၊ ယခုအကြိမ် ကျဲ့ကျန်းပြည်နယ် နင်းပို ကျိုးစန်းဆိပ်ကမ်း၌ ကြည့်ရှုစစ်ဆေးရာတွင် ရှီကျင့်ဖိန်က တရုတ်ပြည်၏ ပို့ကုန်များကို အဆင်ပြေစွာ တင်ပို့နိုင်ရန်နှင့် သွင်းကုန်များကို အဆင်ပြေစွာ တင်သွင်းနိုင်ရန် တိုးမြှင့်ရမည်ဟု ပြောကြားကြောင်း၊ ရှီကျင့်ဖိန်သည် ကမ္ဘာတစ်ဝန်း လုပ်ငန်းကွင်းကြိုး တည်ငြိမ်စေရေးကို တစ်လျှောက်လုံး အလေးထား ကြောင်း၊ ယင်းသည် တာဝန်ယူတတ်သော နိုင်ငံကြီး တစ်နိုင်ငံမှ ခေါင်းဆောင်၏ တာဝန်သိမှု သဘောထားကို ပြသခြင်းနှင့် လူသားကံကြမ္မာ အသိုက်အဝန်း ကြံဆချက်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ခြင်းလည်း ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ကျဲ့ကျန်းပြည်နယ်တွင် ကြည့်ရှုစစ်ဆေးရာတွင် ရှီကျင့်ဖိန်က COVID-19 ရောဂါ ခုခံထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းနယ်ပယ်များနှင့် လုပ်ငန်းကုမ္ပဏီများသည် ဂယက်ရိုက်ခတ်မှု အနည်းနှင့်အများဆိုသလို ခံရသည်ဟု ပွင့်လင်းစွာ ဝန်ခံပြောဆိုသည့် အပြင်၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် အလတ်စားနှင့် အသေးစား ကုမ္ပဏီများကို အထူး ထည့်သွင်းစဉ်းစားပြီး ၄င်းတို့ကို အခက်အခဲများ ကျော်လွှားနိုင်ရန် အားပေး ထောက်ခံရေးနှင့် ကူညီပံ့ပိုးရေး ဆောင်ရွက်ချက်များကို ထုတ်ပြန်ကျင့်သုံးခဲ့သည်ဟုလည်း အလေးထားပြောကြားကြောင်း China Media Groupက ဖော်ပြသည်။

လက်ရှိအချိန်တွင် COVID-19 ရောဂါသည် တစ်ကမ္ဘာလုံး၌ ကူးစက်ပြန့်ပွားနေ၍ ကမ္ဘာ့စီးပွားရေးသည် တင်းမာသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ရှီကျင့်ဖိန်၏ ယခုအကြိမ် ကျဲ့ကျန်းပြည်နယ် ခရီးစဉ်သည် ကမ္ဘာ့စီးပွားရေး အတွက် တည်ငြိမ်မှုနှင့် သေချာမှုများကို ဖော်ဆောင်ပေးနေကြောင်း China Media Groupက ဖော်ပြသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006