ကျူးယုပ်ယွန်သည် ယူနန် လယ်ယာစိုက်ပျိုးရေးတက္ကသိုလ် ဂုဏ်ထူးဆောင်ကျောင်းအုပ်၊ ယူနန်ပြည်နယ် သိပ္ပံနည်းပညာအသင်း ဥက္ကဋ္ဌ ဖြစ်ပါသည်။ တရုတ်နိုင်ငံရှိ နာမည်ကျော်ကြားသော အပင်ရောဂါဆိုင်ရာ ရုက္ခဗေဒပညာရှင်လည်း ဖြစ်ပါသည်။ ကျူးယုပ်ယွန်သည် နှစ်ပေါင်းများစွာအတွင်း ယူနန်ပြည်နယ် တောင်ပိုင်းဒေသရှိ ဆင်းရဲနွမ်းပါးလူနည်းစုကျေးရွာဖြစ်သည့် လန်ချား လားဟူးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဟောင်းကျီးဘာ့ကျေးရွာကို ကူညီပေးနေပြီး ဒေသခံအတွက် အာလူးစိုက်ပျိုးရန် လမ်းညွန်ပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် ယခုနှစ်တွင် ဟောင်းကျီးဘာ့ကျေးရွာထွက် အာလူးကို လာရောက်ဝယ်ယူသူ လုံးဝမရှိသဖြင့် အာလူးကို လျင်မြန်စွာ ရောင်းချပေးနိုင်ရန် ကျူးယုပ်ယွန်သည် အွန်လိုင်းတင်ကာ ရောင်းချသည်။ အွန်လိုင်းရောင်းချရာတွင် ကျူးယုပ်ယွန်သည် အာလူးရွေးချယ်နည်း၊ အာလူးချက်ပြုတ်နည်းကိုပါ သင်ကြားပြသပေးရာ အွန်လိုင်းပရိသတ် ၁၁ သိန်းကျော်က ကြည့်ရှုခဲ့ကြောင်း သတင်းအရသိရပါသည်။
လက်ရှိအချိန်တွင် ဟောင်းကျီးဘာ့ကျေးရွာသည် အာလူး တရုတ်ဧက ၂၃၅၀ ဧက (၁၅၆ ဟက်တာ)ကျော် စိုက်ပျိုးထားပြီး မိသားစုတိုင်း၏ ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၅၀၀၀ (ဒေါ်လာ ၇၀၇) မှ ၈၀၀၀ (ဒေါ်လာ ၁၁၃၂) ထိ တိုးမြှင့်ရရှိနေကြသည်။
သတင်းထောက် ။ ။ ယူနန်နေ့စဉ်သတင်းစာ