ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော် လုံခြုံရေး ဥပဒေသည် ဟောင်ကောင်ကို ပြန်လည် တောက်ပစေသော မျှော်လင့်ချက်အလင်းရောင် ဖြစ်

2020-05-28 17:58:55 |သတင်းအရင်းအမြစ် CRI

၁၃ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်း အဝေးတွင် (ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသဆိုင်ရာ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်း ကာကွယ်ရေးဥပဒေစနစ်နှင့် ကျင့်သုံးရေးစနစ် တည်ဆောက်ရေးနှင့် ကောင်းမွန်ပြည့် စုံစေရေးဆိုင်ရာ တရုတ်ပြည်သူ့ကွန်ဂရက်၏ ဆုံးဖြတ်ချက်မူကြမ်း)ကို စိစစ်ခဲ့ပြီး ဟောင်ကောင်လူ့ဘောင်အဖွဲ့အစည်းများမှ ကျယ်ပြန့်သော ထောက်ခံမှုများကို ရရှိခဲ့သည်။

ဟောင်ကောင်အလွှာပေါင်းစုံတို့သည် “နိုင်ငံတော်လုံခြုံရေးဥပဒေကို ထောက်ခံကြ” ဟူသော ဟောင်ကောင်ဒေသ တစ်ခုလုံး လက်မှတ်ရေးထိုးခြင်းနှင့် အင်တာနက်တွင် လက်မှတ်ရေးထိုးခြင်းလှုပ်ရှားမှုများကို ကမကထပြုကြပြီး၊ ယခုလ ၂၆ ရက်နေ့ အထိ ၃ ရက်တာအတွင်း လူ ၁သန်း၁သိန်းကျော်မှ လက်မှတ်ရေးထိုးမှုကို ရရှိခဲ့သည်။ ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော် လုံခြုံရေး ဥပဒေသည် ဟောင်ကောင်ဖွံ့ဖြိုးရေး မျှော်လင့်ချက် အလင်းရောင် ပြန်လည် တောက်ပစေခြင်းကို လူထုများက သိသာ ထင်ရှားစွာ တွေ့မြင်ကြသည်။

အမှန်မှာတော့ သင့်မြတ်ယာသာရေးနှင့် တည်ငြိမ်ရေးသည် ဟောင်ကောင် လူ့ဘောင်အဖွဲ့အစည်းများ၏ အကြီးဆုံးလိုအပ်ချက်ဖြစ်သကဲ့သို့ အကြမ်းဖက်လှုပ်ရှားမှုများ ကို ရပ်စဲစေရေးနှင့် ရှုပ်ထွေးမှုကို အဆုံးသတ်ရေးသည် ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ အရေးတကြီး လိုအပ်ချက်လည်းဖြစ်သည်။ နိုင်ငံတော်အဆင့် မှနေ၍ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ပေးသော တရားဥပဒေစနစ်နှင့် ကျင့်သုံးရေးစနစ်ကို တည်ဆောက်၍ ပြီးပြည့်စုံစေခြင်းသည် ဟောင်ကောင်နှင့် နိုင်ငံတော်၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ကျယ်ပြန့်သည့် ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ တရားဝင် အခွင့်အရေးနှင့် လွတ်လပ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် အကျိုးရှိကြောင်း၊ ထို့ကြောင့် ဟောင်ကောင်လူ့ဘောင်အဖွဲ့အစည်းများမှ ကျယ်ပြန့်သည့် ထောက်ခံမှုများကို ရရှိခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006