တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂ ရက်နေ့ ညနေပိုင်းက ပညာရှင်များ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပပြီး အရေးကြီးမိန့်ခွန်း ပြောကြားပါသည်။ ရှီကျင့်ဖိန်က၊ ကူးစက်ရောဂါ ဖြစ်ပွါးခဲ့ချိန်တွင် ကူးစက်ရောဂါကို ထိန်းချုပ်ကာကွယ်ရန် အတွက် မိမိတို့သည် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ခေတ္တယာယီ ရပ်စဲပြီး ကြီးမားသော နစ်နာဆုံးရှုံးမှု ခံ၍ ပြည်သူများ၏အသက်နှင့် ကျန်းမာရေးကို ပထမနေရာမှာ ထားနေကြောင်း၊ လူ့အသက်သည် တစ်ခါတည်းသာ ရှိပြီး ကာကွယ်ရမည် ဖြစ်ကာ မိမိတို့သည် ယင်းမူအတိုင်း ကိစ္စရပ်များ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။