၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ ဝူးတုန်းတယ် ရေအားလျှပ်စစ်စက်ရုံ၏ ပထမဆုံးအသုတ် စက်အုပ်စု စတင်လည်ပတ်ခြင်း အခမ်းအနားကို အွန်လိုင်းဗီဒီယိုဖြင့် ကျင်းပရာ ပေကျင်းမြို့၌ အဓိကနေရာအဖြစ်စီစဉ်ပြီး ယူနန်ပြည်နယ်၊ စီချွမ်းပြည်နယ်နှင့် အခြားသောနေရာများတွင် နေရာခွဲ၍ အခမ်းအနားကျင်းပပါသည်။ အနောက်ဘက်ရှိ လျှပ်စစ်ဓာတ်အားကို အရှေ့ဘက်သို့ ပို့ဆောင်ရေးလုပ်ငန်း၏ ခြေလှမ်းအသစ်တစ်ခုဖြစ်ကြောင်း သတင်းအရသိရပါသည်။
ဝူးတုန်းတယ် ရေအားလျှပ်စစ်စက်ရုံသည် ယူနန်ပြည်နယ် လုချွမ့်ခရိုင်နှင့် စစ်ချွမ်းပြည်နယ် လျောင်ရှမ်းပြည်နယ်ခွဲ ဟွေ့တုန်းခရိုင် နယ်စပ်ဒေသတွင် တည်ရှိပြီး တရုတ်နိုင်ငံတွင် တည်ဆောက်သည့် ကီလိုဝပ် သိန်းပေါင်း ၁၀၀ ကျော်ရှိ အကြီးစားရေအားလျှပ်စစ်စီမံကိန်းဖြစ်ကာ ရေအားလျှပ်စစ် ထုတ်လုပ်သည့်အပြင် ရေလွှမ်းမိုးမှုကို ကာကွယ်ခြင်း၊ ရေကြောင်းပို့ဆောင်ခြင်းနှင့် ဒေသတွင်းစီးပွားရေး ဖွံဖြိုးတိုးတက်ခြင်းတို့အတွက်လည်း အထောက်အကူပြုနေပါသည်။
လက်ရှိအချိန်တွင် ဝူးတုန်းတယ် ရေအားလျှပ်စစ်စက်ရုံ၏ ပထမဆုံးအသုတ် စက်အုပ်စုသည် ပုံမှန်လည်ပတ်နေပြီး သက်ဆိုင်ရာ စစ်ဆေးမှုအချက်အလက်မှာ ဒီဇိုင်းလိုအပ်ချက်နှင့်အညီ ကိုက်ညီကြောင်း သတင်းအရသိရပါသည်။
သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာ သတင်းဌာန