နံနက် ၉ နာရီတွင် ကူမင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၏ လေဆိပ်အခြေစိုက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းမှ တာဝန်ရှိအဖွဲ့သည် အလှည့်ကျတာဝန်ထမ်းဆောင်ရပြီး တစ်နေ့တာ၏ ၁၂ နာရီကြာအလုပ်ချိန်ကိုစတင်ကာ အသွားအလာကန့်သတ်သူများကို ပို့ဆောင်ပေးရသည်။
ရှုချင်ရမ့်သည် ကူမင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၏ လေဆိပ်အခြေစိုက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းမှ တာဝန်ရှိအဖွဲ့(၁)တွင် တာဝန်ထမ်းဆောင်သည့် အဖွဲ့ခေါင်းဆောင် ဖြစ်ပါသည်။ နေ့စဉ်နေ့တိုင်းတွင် လေဆိပ်မှ စာရင်းအရ အသွားအလာကန့်သတ်သူများကို ပို့ဆောင်ပေးရာတွင် စနစ်တကျ ဖြစ်စေရန် ကျိုးကြောင်းဆီလျော်စွာ စဉ်းစားစီစဉ်ပေးရသည်။
လေယာဉ်ဆိုက်ရောက်လာပါက ရှုချင်ရမ့်သည် ဟိုတယ်၊ ခရိုင် ရပ်ကွက်များအား အကြောင်းကြားပြီး ပို့ဆောင်ရေးဌာနကို ဆက်သွယ်လွှဲပြောင်းပေးသည်။ အဆိုပါဖြစ်စဉ်ကိုကြည့်ရသည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း လူများချိန်တွင် ရာနှင့်ချီရှိနေတတ်ပါသည်။ လေယာဉ်အလိုက် ဟိုတယ်စီစဉ်ပေးခြင်း၊ အသွားအလာကန့်သတ်မည့်သူ၏ စိတ်ခံစားမှုများအား ကျေနပ်စေရန် ဂရုစိုက်ခြင်း၊ မိသားစုအလိုက် စီစဉ်ပေးခြင်း၊ ဝေးကွာသော ဟိုတယ်သွားရာတွင် လုပ်ငန်းဖိအားများအားလျော့ချနိုင်ရန် သတိပေးခြင်း စသဖြင့် စိတ်ရှည်လက်ရှည် တာဝန်ယူစိတ်အပြည့်ဖြင့် ဆောင်ရွက်ရသော လုပ်ငန်းတာဝန်များသည် ရှုချင်ရမ့် ကဲ့သို့သော ဝန်ထမ်းများအတွက် လေးနက်သော အလုပ်ဖြစ်ပါသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရာတွင် တစ်နေ့လျှင် ၁၂ နာရီကြာ အလုပ်တာဝန် ထမ်းဆောင်ရပါသည်။ “ကျွန်တော်က တရုတ်ကွန်မြူနစ်ပါတီဝင်တစ်ဦးအနေနဲ့ COVID-19 ရောဂါကို ရင်ဆိုင်ရချိန်မှာ ရှေ့ဆုံးကနေ တာဝန်ယူပြီး တာဝန်ထမ်းဆောင်မယ်။ ဘယ်နေရာမှာ ကျွန်တော်တို့ကို လိုအပ်တယ်ဆိုရင် အဲဒီနေရာကို အရောက်သွားမယ်”လို့ ရှုချင်ရမ့်က ပြောပါသည်။
သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန