တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ဖောရန်ခရိုင်အနီးရှိ ရေကာတာတွင် ချန်ကျန်းမြစ်မှ ဒီရေများ မြင့်တက်လာခြင်းကြောင့် ရေကာပေါ်တွင် အလျား ၁,၅၀၀ မီတာနှင့် အမြင့် ၁.၅ မီတာ ရှိသော အကာအရံတည်ဆောက်ကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များက ပါဝင်ကူညီခဲ့ကြသည်။
တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ဖောရန်ခရိုင်အနီးရှိ ရေကာတာပေါ်တွင် အကာအရံတည်ဆောက်ကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ကူညီပေးနေသော လူငယ်ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ကြသည့် လျူယီဖေး၊ မာပိုင်ဆန်း၊ ယန်ကျဲယွီ၊ ယွမ်လုံ၊ ကျူးရန်ဖုန် စသည့် လူငယ်များသည် တပ်ဖွဲ့သို့ ဝင်လာစဉ်ချိန်မှစ၍ ပထမဆုံးအဖြစ် ရေဘေးထိန်းချုပ်ရေးတွင် ပါဝင်ကူညီခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နေ့စဉ်နီးပါး ပူအိုက်သောရာသီဥတုကို ကြံ့ကြံ့ခံကာ ရေကာတာ အတားအဆီးပြုလုပ်ရန် သဲအိတ်များကို သယ်ဆောင်ပြီး ရေကာတာတစ်လျှောက် စုပုံခြင်းလုပ်ငန်းကို တတ်စွမ်းသရွေ့ လုပ်ဆောင်ခဲ့ကြသည်။ (Xinhua)