【အယ်ဒီတာအညွှန်း】ကျန်းမာချမ်းသာသောနေထိုင်မှုဘဝ၏ မြစ်ဖျားခံ အကြောင်းရင်းသည် ကြိုးစားခြင်းဖြစ်ပြီး ကျန်းမာချမ်းသာသောနေထိုင်မှုဘဝသည် ပြည်သူပြည်သားများ၏ ဘဝအတွက် မျှော်လင့်ချက်အလင်းရောင် ဖြစ်သည်။ ယခုနှစ်သည် တရုတ်နိုင်ငံ၏ ဘက်ပေါင်းစုံမှ သာယာဝပြောသော ချမ်းသာသုခနေထိုင်မှုဘဝသို့ ရောက်ရှိရန် ဆောင်ရွက်ခြင်း၏ အဆုံးသတ်နှစ်ဖြစ်သည်။ ကျွန်တော်တို့သတင်းထောက်နှင့်အတူ ယူနန် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းဆိုင်ရာ အကြောင်းအရာစုံကို အတူတကွ လေ့လာကြပါစို့။
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းတာ့မိန်နိုင်ငံတကာဈေးဝယ်ဇုန်၏ နိုင်ငံဖြတ်ကျော် 020 စံပြစင်တာ၌ ဂျပန်၊ ထိုင်း၊ သြစတြေးလျ စသည့်နိုင်ငံများမှ အရောင်းရဆုံးကုန်စည်များကို ကုန်စည်ပြပွဲ ကျင်းပနေသကဲ့သို့ စုံစုံလင်လင်တွေ့မြင်ရခြင်းကြောင့် စားသုံးသူများစွာအား ကုန်စည်ရွေးချယ်မှာယူရန် ဆွဲဆောင်နေပါတော့သည်။
“အခွန်ကင်းလွတ်ခွင့်ရှိတဲ့ နိုင်ငံဖြတ်ကျော် အီးကောမာ့စ်ကုန်စည်သိုလှောင်ခြင်းစနစ်ဖြင့် ကျွန်တော်တို့က ကမ္ဘာ့ဒေသအသီးသီးကနေ ယူနန်ပြည်သူပြည်သားတွေအတွက် အရည်အသွေး ကောင်းမွန်တဲ့ ကုန်စည်တွေကို ရွေးချယ်မှာယူပေးနေတယ်။ အဲဒီကုန်စည်တွေက အစစ်ဖြစ်တယ် ဆိုတာကို အာမခံပေးနိုင်တာနဲ့အတူ ဈေးလည်းအထူးသက်သာပါတယ်”ဟု ကျင်းတာ့မိန်နိုင်ငံဖြတ်ကျော် အီးကောမာ့စ်ကုမ္ပဏီလီမိတက်၏ ဒုမန်နေဂျာ ဝေစူးကျယ်က ယခုကဲ့သို့ မိတ်ဆက်ပြောပြသည်။ ကျင်းတာ့မိန်နိုင်ငံတကာဈေးဝယ်ဇုန်သည် သာမန်ကုန်သွယ်ရေးဇုန်နှင့် နိုင်ငံဖြတ်ကျော် လက်လီ ရောင်းချရေးနှင့် အခွန်ကင်းလွတ်ခွင့်ရှိသော ကုန်စည်ပြသဇုန်ဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထားပြီး ယူနန်ပြည်နယ်တွင် ပထမဆုံးနှင့် တစ်ခုတည်းသော “နိုင်ငံဖြတ်ကျော် အီးကောမာ့စ်လက်လီရောင်းချ+ အခွန်ကင်းလွတ်ခွင့်ရှိသော ကုန်စည်များပြသရောင်းချ”သည့် ဆိုင်တစ်ဆိုင် ဖြစ်သည်။
“ကျွန်မတို့က ဈေးဝယ်ပလက်ဖောင်း တစ်ချို့နဲ့ နှိုင်းယှဉ်ကြည့်ခဲ့တယ်။ အခု ကျွန်မမှာတဲ့ နိုင်ငံခြား က နို့မှုန့်ဆိုရင် အခြားကမှာတာထက် ဈေးပိုမိုသက်သာတာကို တွေ့ရတယ်။ အွန်လိုင်းကဈေးထက်ကို ၂၀% ဈေးချိုတယ်။ ဒါ့အပြင်၊ ၆ ဗူးမှာရင် ၁ ဗူးလက်ဆောင်ပေးတယ်။ တော်တော်ကိုတန်ပါတယ်”ဟု စားသုံးသူ တစ်ဦးသည် နိုင်ငံခြားမှနှို့မှုန့်ရွေးချယ်ဝယ်ယူရင်း ယခုကဲ့သို့ ပြောပါသည်။ ဈေးဝယ်ဇုန်သည် ကုန်စည်တင်သွင်းသည့်အရင်းအမြစ်များနှင့် တိုက်ရိုက်ချိတ်ဆက်မှုကြောင့် ကြားခံချိတ်ဆက်မှု ကုန်ကျ စရိတ် မလိုအပ်တော့ကြောင်း၊ သာမန်ကုန်စည်ပို့ဆောင်ရေးဇုန်တွင် ကုန်စည်၏ ဈေးနှုန်းများ သည် အလွန်သက်သာကြောင်း၊ အခွန်ကင်းလွတ်ခွင့်ရှိသည့်ဇုန်အတွင်း ပြသထားသော ကုန်စည်များ သည် အခွန်ဆောင်ရန်မလိုသောကြောင့် သာမန်ကုန်စည်ဇုန်ရှိ ကုန်ပစ္စည်းများထက် ၃၀% မှ ၇၀% အထိ သက်သာကြောင်း၊ ထို့အပြင် နို့မှုန့် အပါအဝင် အခြားသော နိုင်ငံခြားမှ တင်သွင်းလာသည့် ကုန်ပစ္စည်း များသည် ဈေးချိုကြောင်း ဝေစူးကျယ်က ရှင်းပြသည်။
“စီးပွားရေးလုပ်ငန်းရှင်ကုန်သည်အများစုက ကျွန်တော်တို့စင်တာကို လက်ကားစင်တာတစ်ခုလို ကုန်ပစ္စည်းလာမှာကြတယ်။ စားသုံးသူတွေကလည်း သူတို့ကြိုက်နှစ်သက်တဲ့ပစ္စည်းတွေကို ဒီမှာလာပြီး ရှာဝယ်ကြတယ်။ ကျွန်မတို့ထင်မြင်ချက်အရ၊ ချမ်းသာသုခနေထိုင်မှုဘဝဆိုတာဟာ စားသုံးသူတွေက ပြည်ပသွားစရာမလိုဘဲ ကမ္ဘာ့နေရာအသီးသီးက ကုန်စည်ကောင်းတွေကို အိမ်တံခါးရှေ့အရောက် အလျင်မြန်ဆုံးနဲ့ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်နိုင်တာဖြစ်တယ်”ဟု ဝေစူးကျယ်က ဆက်လက် ပြောပြ သည်။(Yunnan Gateway)